Pages

Showing posts with label စုံစီနဖာ. Show all posts
Showing posts with label စုံစီနဖာ. Show all posts

2/22/2012

Solution for USB Write Protected Error !!!


တစ်ခါတစ်လေမှာကွန်ပြူတာမှာ USB တပ်ဆင်တဲ့အခါမှာအပေါ်ကပုံအတိုင်း
အယ်ရာတွေတစ်ခုမဟုတ်တစ်ခုတက်ပြီးသုံးမရဖြစ်တတ်ပါတယ်။အဲ့ဒီအခါမှာ
USB ကိုကွန်ပြူတာကနေဖြုတ်ပြီးတော့အောက်ပါအတိုင်းလုပ်ဆောင်ကြည့်ပါ။

Run ( Windowkey+R ) မှာ regedit ကို ရိုက်ထည့်ပြီး Enter (or ) OK ပေးလိုက်ပါ။
Registry Editor တက်လာပါလိမ့်မယ်။

HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ထိရောက်အောင်သွားလိုက်ပါ။

Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကို ရွေးလိုက်ပါ။
အမည်ကို StorageDevicePolicies လို့ ပေးလိုက်ပါ။

StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click ထောက်
New ကနေ DWORD ကို Click ပေးပြီး အမည်ကို WriteProtect လို့ပေးလိုက်ပါ။

WriteProtect မှာ Double click ( or ) Right Click ထောက် Modify ကနေ
Value ကို 0 ထည့်ပေးလိုက်ပါ။

ပြီးလျှင်ကွန်ပြူတာကို Restart လုပ်ပြီးUSB ပြန်တပ်ဆင်သုံးကြည့်ပါကအဆင်ပြေတာ
တွေ့ ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ။

2/18/2012

Death Link Checker

ဒေါင်းလုဒ်တွေဆွဲရင် အပိုင်းတွေ အများကြီးကို ဆွဲရင်းနဲ့ အပိုင်းတစ်ခုခုရဲ့ လင့်ခ်က သေနေပြီဆိုရင် ဘာမှလုပ်လို့မရတော့ဘဲ ဆွဲထားတာတွေလည်း ဖျက်ပစ်ရ၊ အချိန်တွေလည်း ကုန် ဖြစ်ရတတ်ပါတယ်။ အဲ့ဒီလို ပြသနာကနေ ရှောင်နိုင်အောင် ဒေါင်းလုဒ်ဆွဲတော့မယ်ဆိုရင် ပထမဦးဆုံး လင့်ခ်တွေအားလုံးကို ဒီကောင်လေးနဲ့ စစ်ကြည့်ပါ။ လင့်ခ်တွေ သေနေရင်၊ မရှိတော့ရင် အပိုင်းတွေအများကြီးကို အချိန်ကုန်ခံ ဆွဲလာရတဲ့ ဒုက္ခမျိုးကို ရှောင်နိုင်ပါတယ်။

ကိုယ် ဆွဲမယ့် ဒေါင်းလုဒ် လင့်ခ်တွေကို ကော်ပီယူလာပြီးတော့

Link Checker
Check the status of download links from various file hosts we support (see list below).
You can either copy and paste the download links into the textbox below or provide the URL of a webpage containing the download links and we'll automatically and instantly grab the download
links and check their status.

ဆိုတဲ့ စာရဲ့အောက်က လေးထောင့်ကွက်လေးထဲကို လင့်ခ်အားလုံးကို ပေ့စ် လုပ်ပြီးတော့ အောက်က Check Links ဆိုတာလေးကို နှိပ်ပေးလိုက်ရုံပါပဲ။ လင့်ခ် မသေသေးရင်၊ အလုပ်လုပ်နေသေးရင်  Status မှာ Working လို့ ပြပါလိမ့်မယ်။ ဒါဆိုရင် အားလုံး အဆင်ပြေမယ်ထင်ပါတယ်။


REF ; ဘသားချော