Pages

Showing posts with label တောင်ကြီးနှင့်ပတ်သက်သမျှ. Show all posts
Showing posts with label တောင်ကြီးနှင့်ပတ်သက်သမျှ. Show all posts

6/01/2012

ဂုဏ်ယူရပါသော ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့


ကမ္ဘာကြီးတစ်နေ့တစ်ခြားပူနွေးလာနေပြီတဲ့။ အမြဲတွေ့တွေ့နေရတဲ့သတင်း။ သိပံ္ပပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ခေတ်ပညာတတ်လူတန်းစားတွေကို ခေါင်းကိုက် အလုပ်ရှုပ်စေတဲ့ ပြဿနာကြီး တစ်ရပ်လည်းဖြစ်တယ်။ ဒီပြဿနာကို တစ်ဦးတစ်ယောက်က မိုးပျံအောင်တော်ပါစေဦး၊ သူရဲကောင်းလုပ် ပြီးအများအကျိုးဖြေရှင်းပေးလိုတဲ့စိတ် ရှိပါစေဦးပြေလည်သွားမဲ့ အမျိုးလည်းမဟုတ်ဘူး။ တတ်သိပညာ ရှင်တွေလမ်းညွှန်ထားတဲ့အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးက ပူးပေါင်းပါဝင်ဖြေရှင်းမှသာ ပြေလည်စေမယ့်ပြဿနာဖြစ်သလို တကယ်လည်းခက်ခဲ့တဲ့ ကမ္ဘာလုံးလွှမ်းခြုံမှုဆိုင်ရာ ပြဿနာကြီးဖြစ်နေတယ်။ ဒါဆို...ကျွန်တော်တို့တတွေလည်း ကျွန်တော်တို့ ချစ်တဲ့ဒီကမ္ဘာမြေကြီးအတွက် ပူးပေါင်းပါဝင်ဖို့ မလိုအပ်ပေဘူးလား။


                     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်မှုမှတ်တိုင် တစ်ခုဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံများထဲမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအကောင်းဆုံး မြို့ကြီး (၁၀) မြို့ ဆုပေးပွဲကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကအောက်တိုဘာ(၈)ရက်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့ ပါတယ်။ ဆုပေးရခြင်းရဲ့ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒေသတွင်းမြို့များ တွင်အကောင်းဆုံးနည်းလမ်းများ၊ အဆင့်မြင့်စံချိန်စံညွှန်းများနှင့်ထိန်းသိမ်းကြရေးအတွက် အားပေးလှုံဆော် ရန်ဖြစ်သည်။ ထိုဆုကို  မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမြို့မှလည်း ဆွတ်ခူးရရှိခဲ့ပါသည်။ တောင်ပေါ်သားတို့ရဲ့မြို့တော် ချယ်ရီမြို့လေးယခုထက်သာယာလှပ ပါစေကြောင်း...........
 
ရှင်းလင်းစွာမြင်နိုင်ရန်ပုံကိုနှိပ်ပါ
 




မှတ်ချက်။ ။ သတင်းကို Weekly Eleven News မှရယူသည်။

2/18/2012

အံ့မခန်း ထမ်းဆမ်းလိုဏ်ဂူတော်

                                          ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ               
                             ထမ်းဆမ်းလိုဏ်ဂူတော်မှ ကျောက်စက်ပန်းဆွဲများကို မြင်ရပုံ။
                                                   ဓာတ်ပုံ - တင်အေးငြိမ်း

တောင်ကြီးမြို့ကို အလည်တစ်ခေါက် နှစ်ဆန်းက ရောက်ခဲ့သည်။ အင်းလေး ဖောင်တော်ဦးဘုရားငါးဆူနှင့် အင်းတိမ်ဘုရားကြီးကို ဖူးခဲ့သည်။ ထမ်းဆန်းဂူအကြောင်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖတ်ဖူးပြီးကတည်းက သွားချင်စိတ် ရှိနေခဲ့သည်။
ကျောက်စက်ပန်းဆွဲများဖြင့် လှသည့်အကြောင်း ဖတ်ထားခဲ့ရသဖြင့် စိတ်ဝင်စားမိသည်။
တောင်ပေါ်သားတည်းခိုခန်းက စီစဉ်ပေးသည့် ပရက်စတို ၄၈/ကားသစ် လေး ဖြင့် တောင်ကြီးမှ နံနက် ၉ နာရီထွက် ခဲ့သည်။
ဟိုပုံး-လွိုင်လင်လမ်းပိုင်းအချို့ ကို ပြင်နေဆဲဖြစ်သော်လည်း လမ်းခရီး ကားလမ်းက ကောင်းပါသည်။


2/17/2012

ဇာတိချက်မြုပ် စိုင်းရဲ့မြို.





                                                         ( ဝဵင်းတွင်ႇၵျီး)

          ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်
အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်
တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်
နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´
ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်
(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်
ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။