Pages

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

6/01/2012

ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ဘာသာရေး အသိတရား ကွဲလွဲမှုများ



ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရေးထားတာလေးပါ။အဲ့ဒီ စကားလုံးတွေဟာ ကျွန်တော် တွေ့တဲ့ နေရာကနေ ကူးယူထားတာလဲ မဟုတ်ပါဘူး။ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားဟောခဲ့တဲ့ အမှန်တရားတွေပါဗျာ။အဲ့ဒီ စကားလုံးတွေ အတိုင်းကျွန်တော် စဉ်းစားကြည့်မိတယ်ဗျာ။အမှန်တကယ်ကို ဖြစ်နေတာ ကျွန်တော် တွေ့ရပါတယ်။အခုခေတ်လူငယ်တော်တော် များများဟာ ဘာသာအသိတရားနှင့် တဖြည်းဖြည်းဝေးကွာ
လာကြပါတယ် ။ဒါတွေကိုကြိုမြင်လို့  ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားက'' နောင်တစ်ချိန်မှာ ဗုဒ္ဓဘာသာ (၅) မျိုးကွဲမယ်လို့ ဟောတော်မူခဲ့ ပါတယ်"
 ၁။ကုလဗုဒ္ဓဘာသာ

၂။လာဘဗုဒ္ဓဘာသာ
၃။ဘယဗုဒ္ဓဘာသာ
၎။သဒ္ဓါ ဓိကဗုဒ္ဓဘာသာ
၅။ပညာဓိကဗုဒ္ဓဘာသာ

ကုလဗုဒ္ဓဘာသာ ။ ။ မိရိုးဖလာဗုဒ္ဓဘာသာ ။ မိဘက ဒီဘာသာကိုးကွယ်လို့ 
မိရိုးဖလာအလိုက် လိုက်၍ကိုးကွယ်သူ ဗုဒ္ဓဆိုတာဘာမှန်းမသိ ၊ တရားဆိုတာဘာမှန်းမသိ ရိုသေရကောင်းမှန်းမသိတဲ့ ဗုဒ္ဓဘာသာဝင်။

လာဘဗုဒ္ဓဘာသာ ။ ။ လာဘ်လာဘကြောင့်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ။ တစ်ချို့
အိမ်တွေမှာ ဒီဘုရားကငါနဲ့ မတည့် ဘူး ။ ဘာနေ့ နံနဲ့ ထုထားတဲ့ ဘုရားကမှ
ငါနဲ့ တည့် တာ ။ အိမ်မှာရန်မဖြစ်စေဘူး ။စီးပွားတတ်တယ် စတာတွေပေါ့  အ
ပြင်မှာတစ်ကယ်တွေ့ ဖူးပါတယ် ဒီလိုဗုဒ္ဓဘာသာဝင်တွေ။

ဘယဗုဒ္ဓဘာသာ။ ။ ဘေးဘယာကိုကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ။
အန္တရာယ်ကင်းရှင်းစေဖို့ ၊ အသက်ရှည်စေဖို့  စတဲ့ ခလုပ်ထိမှသတိရတတ်
ကြတဲ့ ဗုဒ္ဓဘာသာဝင်။

သဒ္ဓါ ဓိကဗုဒ္ဓဘာသာ ။ ။ သဒ္ဓါတရားဆိုတာအကြမ်းအားဖြင့် ယုံကြည်ချက် ။
ပါဠိဘာသာကဆင်းသက်လာပြီး မြန်မာမှုပြုဖို့ တူညီတဲ့ စကားလုံးမရှိလို့ သဒ္ဓါလို့ သာတိုက်ရိုက်ခေါ်ဆိုသည်ဖတ်ဖူးပါသည်။။ဘုရား တရား ကိုတစ်ကယ်
သစ္စာတရား သဒ္ဓါတရားဖြင့် ယုံကြည်သက်ဝင်သူ ။

ပညာဓိကဗုဒ္ဓဘာသာ။ ။ သစ္စာတရားကိုသေချာသိတဲ့ဗုဒ္ဓဘာသာ။ ရမ်းယုံ
တာမဟုတ်ဘူး ခန္ဓာသိဖြင့် အသေအချာသိပြီးယုံတာ။ သိတာကိုပညာလို့ 
ခေါ်ပါတယ်။ခန္ဓာကိုယ်က ဖြစ်ခြင်းပျက်ခြင်းတရားကို ပညာဖြင့် သေချာသိ
မြင်သော ဗုဒ္ဓဘာသာဝင်တို့ ဖြစ်ပါတယ်။ ( ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါး)
ကဲ....ကျွန်တော်နဲ့ အတူ ကျွန်တော့ သူငယ်ချင်း ဗုဒ္ဓဘာသာဝင်တွေကော ဘယ်ထဲမှာပါသလဲ ဆိုတာကို ကိုယ့်ကိုကိုယ် စဉ်းစားကြည့်ကြပါဦးဗျာ။
                                                                                                                                       ကြိုးစားလျက်.....!

REF ; Ye'KyawPhyo

3/09/2012

ဗုဒ္ဓဘာသာဝင် မြန်မာအချို့ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးရန်လို


ကျွန်တော်ဟာ အပတ်စဉ်  7Day News  ကို ဖတ်ရှုနေသူတစ်ယောက်ဖြစ်ပါသည်။ ပြီးခဲ့သည့်  7Day Newsဂျာနယ် ဖေဖော်ဝါရီလ၂ရက်ထုတ်တွင် ပါရှိသောအောင်သူရ၏ ကမ္ဘာ့လှည့်ခရီးသွားအချို့  ဘုရားရင်ပြင်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ယဉ်ကျေးရန်လိုဟူသော သတင်းတိုတစ်ပုဒ်ကို ဖတ်လိုက်ရသည့်အတွက် အမျိုးဘာသာ၊ သာသနာအတွက် ရည်ရွယ်လျက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအချို့ အတွက်လည်း ဘုန်းကြီးကျောင်းဝင်းအတွင်း ယဉ်ကျေးရန်အတွက်ပင်မက  ဖိနပ်မစီးမိစေကြရန် လည်းလိုကြောင်း အပြုသဘောဆောင်၍ သတိပေးရေးသားလိုက်ရခြင်းဖြစ်ပါသည်။ 

2/25/2012

သိက္ခာထပ်ခြင်း အကျိုးကျေးဇူး...

 မေး။ ။ ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော်ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများ ထူးပါသလဲ ဘုရား။ ဖြေကြားစေချင်ပါတယ်။

အဖြေ။ ။ သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲလို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှုမဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ခံစားခွင့် ရရှိပါတယ်။

လောကမှာ မွေးနေ့၊ သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူးစတဲ့ အကြောင်းအမျိုးမျိုးက ပဓာနမကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိကပဓာနကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒတို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင်စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီးအကြောင်းကောင်းတာပေါ့။ ဒါကြောင့် သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာမဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကာကို မေတ္တာပို့ရင်တော့ ကုသိုလ်များရမှာပါ။