Pages

Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

6/03/2012

YouTubeGet v5.9.8



တချို့ နက် ဆိုင်တွေက YouTube Video တွေကို IDM နဲ့ ပေးမဆွဲတတ်ကြပါဘူး ဒါ့ကြောင့် YouTube က Video တွေကို အလွယ်တကူ ဆွဲယူဖို့ ဒီ YouTubeGet လေးက ကူညီပေးမဲ့ အပြင် ကိုယ်ပြောင်းချင်တဲ့ Format တွေကိုလည်း တစ်ခါထဲ ပြောင်းပေးနိုင်ပါတယ်..။ သူ့ရဲ့ Feature လေးတွေကိုတော့ အောက်မှာ ဆက်လေ့လာလိုက်ပါ...:)

3/18/2012

4U Download Youtube Video

4U Download Youtube Video



ဒီတစ်ခါ Youtube က Video တွေကို ဒေါင်းဖို့ အတွက် 4U Download Youtube Video လေးတင်ပေးလိုက်ပါတယ်။ မိမိလိုချင်တဲ့ video ရဲ့  url ကို ကူးပြီး
သူ့ ဆီမှာ copy လုပ်ရုံနဲ့ ဒေါင်းနိုင်ပါတယ်။ နောက်ပြီးကိုယ်လိုချင်တဲ့  video format/mp3 အမျိုးမျိုးကိုပြောင်းလဲပြီး ဒေါင်းလို့ ရပါတယ်။

……………

အောက်မှာကြိုက်တဲ့ လင့်ကနေယူသွားလိုက်ပါဗျာ…
 


REF; it4monswan

2/25/2012

IDM ရဲ့ Download Speed ကို IDM Optimizer နဲ့ ထပ်ပြီးမြှင့်တင်မယ်

 
 ခေါင်းစဉ်လေးကိုမြင်လိုက်တာနဲ့တင် လူတိုင်းစိတ်ဝင်စားကြမှာပါ။ အဓိကစိတ်ဝင်စားသွား
ကြမယ့်သူတွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ တချို့သော နယ်မြေခြားက
သူငယ်ချင်းတွေလည်း နှစ်သက်ကြမယ်ထင်ပါတယ် ဘာဘဲပြောပြောပါဗျာ။ အသုံး တည့်မှာတော့ သေချာ
ပါတယ်။ File Size ကလည်း 299kb ဘဲရှိတာဆိုတော့ အပျင်းပြေ ဒေါင်းယူပြီး သိမ်းထားလည်း မမှားပါဘူး။
သူရဲ့ အသုံးဝင်ပုံလေးကတော့ IDM နဲ့ ဒေါင်းလုပ်ဆွဲတဲ့ Speed ကို ဒါလေးက ထပ်ပေါင်းပြီးမြှင့်တင်ပေး
မှာဖြစ်ပါတယ်။ နေရာဒေသနဲ့ အသုံးပြုတဲ့ အင်တာနက် လိုင်းပေါ်မူတည်ပြီးတော့ ကွဲပြားသွားမှာပါ။
မြှင့်တာကတော့မြှင့်တယ်ဗျာ။ သေချာပေါက်ကိုမြှင့်ပေးတယ်။ ဒါပေမယ့် ဘယ်လောက် နှုန်းနဲ့ မြှင့်တင်ပေး
လည်းဆိုတာကိုတော့ ကျွန်တော် အတိအကျပြောပြီး အာမမခံပေးနိုင်တာကို နားလည်ပေးစေချင်တယ်ဗျာ။
ဘာလို့လည်းဆိုတော့ အားလုံးဘဲသိကြမယ်ထင်ပါတယ်ဗျာ။ ဒီလောက် အသုံးဝင်တဲ့ Software လေးကို
ဘယ်လူတိုင်းအဆင်ပြေပြေဆွဲနိုင်အောင် Link ၂မျိုးနဲ့ခွဲပြီးတင်ထားပေးပါတယ်ဗျာ။ အသုံးတည့်မယ်ဆို
ရင်တော့ အဆင်ပြေတဲ့ Link ကနေပြီးဒေါင်းယူသွားနိုင်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေဗျာ။
 
 
 
REF ; Pyae Phyo

2/22/2012

ရိုးရို: Printer ဖြင့် Poster ကြီးပြုလုပ်ခြင်: !!!

                              How To Print Big Posters With A Small Printer?


သင်သည် သင့် ချစ်သူ့ ပုံကို လူတစ်ရပ် လောက်ကြီး သော poster ကြီး အဖြစ် print လုပ်ပြီး သင့် အခန်း တွင် ချိတ်ဆွဲ ချင်တယ် ဆို ပါစို့။
ဘာလုပ် ကြမလဲ။
၁။ Poster ကြီးများ print လုပ်ပေး သော ဆိုင်တွင် ငွေများများ ပေးပြီး အပ်နှံ နိုင်သည်။ (ပထမ နည်:)
၂။ သင့် အိမ်ရှိ A4 ဆိုက် printer ကို သုံးပြီး ၄င်း poster ကြီကို print လုပ်ခြင်း။(ဒုတိယ နည်း)
ဒါပေမဲ့ printer သေးသေး လေးနဲ့ ဘယ်လို print လုပ် မှာလဲ။ လွယ်လွယ် လေးပါ။ PosteRazor software ကို သုံးပြီး print လုပ်လိုက် ရင်ရ ပါတယ်။
ဒီ software ဟာ ပုံ အကြီးကြီး ကို အပေါ် ပုံမှာ ပြထား တဲ့ အတိုင်း၊ အကွက် သေးသေး လေးများ ဖြစ်အောင် ဖြတ်ပေး ပါတယ်။ ပြီးရင် သင့် A4 ဆိုက် printer လေးနဲ့ print လုပ်ပြီး သူ့ နေရာ နဲ့သူ ဆက်ပေး လိုက်ရင် ခန်းလုံးပြည့် ပုံကြီး ဖြစ်သွား ပါ လိမ့်မယ်။
ဒီ Sofrware ဟာ အလကား ပေးတဲ့ free software ဖြစ် ပါတယ်။ ၄င်း PosteRazor software ကို open source GNU License နဲ့ ဖြန့်ဝေ ပေးထား ပါတယ်။

၎င်းကို http://sourceforge.net/projects/posterazor/ မှာ အခမဲ့ download လုပ်နိုင် ပါတယ်။ 

REF : KoKo(phpmyanmar)