Pages

2/10/2012

အ၀တ်အစားများအားပရုပ်လုံးအသုံးပြုခြင်:့ကြောင့် သွေးတွင်းG6PD ချို့တဲ့ခြင်း

                                      Glucose 6 Phosphate Dehydrogenase ...

သွေးထဲတွင် ပါဝင်သည့်ဓာတ်တစ်မျိုးဖြစ်သည့်   Gluocose 6 Phosphae Dehydrogenase သည် သွေးနီဥ၏ တည်ဆောက်မှုကိုအားပေးသည့် အင်ဇိုင်းတစ်မျိုးဖြစ်ပြီး  ယင်းအား အတိုကောက် ဖြင့်  G6PD   ဟုခေါ်ဆိုကြသည်။ယင်းအင်ဇိုင်းသည်သွေးနီဥ၏ နံရံများကို တောင့်တင်းစေပြီး သွေးနီဥများသက်တမ်းမတိုင်မီ ပေါက်ထွက်ခြင်းမှကာကွယ်ပေးသည်ဟု ပညာရှင်များကဆိုသည်။ ပုံမှန်အားဖြင့် သွေးနီဥ တစ်လုံး၏သက်တမ်းသည် ရက်ပေါင်းကိုးဆယ်ဖြစ်ပြီး အဆိုပါအင်ဇိုင်းသည် သွေးနီဥများ တောင့်တင်းခိုင်မာကာ သက်တမ်းစေ့နေနိုင် ရန် အကူအညီပေးခြင်းဖြစ်သည်။
သို့သော် အချို့သောသူများတွင်မျိုးဗီဇအရ မွေးလာကတည်းကပင် ယင်းအင်ဇိုင်းတစ်မျိုးချို့တဲ့လာကာ   G6PD   ချို့တဲ့သည့် ကလေးငယ်များအဖြစ်မွေးဖွားလာကြသည်။
G6PD    ချို့တဲ့သည့် ကလေးများမွေးဖွားရာတွင် ယောင်္ကျားလေးများ အများဆုံးဖြစ်တတ်သည်ဟု သိရသည်။ ထို့ကြောင့် G6PD ချို့တဲ့သည့် ရောဂါရှင်များသည်  ယောင်္ကျားလေးများသာ ဖြစ်လျက်ရှိကြသည်။ထိုသို့ဖြစ်ရခြင်းမှာ ယင်းအင်ဇိုင်းချို့တဲ့သူများတွင် ယောက်ျားလေးများသည် ရောဂါလက္ခဏာပြလေ့ရှိပြီး မိန်းကလေးများသည်
ရောဂါလက္ခဏာမပြဘဲ  ရောဂါသယ်ဆောင်သူအနေဖြင့်သာ ရှိနေကြသောကြောင့်ဖြစ်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာယုဇနစောမြင့် ကပြောသည်။ယင်းအင်းဇိုင်း   G6PD   ချို့တဲ့သည့် ကလေးများမွေးလာရခြင်းသည်များသောအားဖြင့် မိခင်ဘက်မှ မျိုးရိုးကြောင့် မွေးလာခြင်းဖြစ်ပြီးကလေးတွင် ယောက်ျားလေးဖြစ်ပါက ၅၀ ရာခိုင်နှုန်းရောဂါဖြစ်ရန်အလားအလာရှိပြီးမိန်းကလေးဖြစ်ပါက ၅၀ ရာခိုင်နှုန်းရောဂါသယ်ဆောင်သူဖြစ်ရန်  အလားအလာရှိသည်ဟု သိရသည်။
ထို့ကြောင့် ရောဂါသယ်ဆောင်လျက်ရှိသည့် ရောဂါကင်း စင်သည့်  ဖခင်တို့ပေါင်းဖက်မွေး ဖွားလာသည့် ကလေးငယ်များ တွင် ၅၀ ရာခိုင်နှုန်းရောဂါရှင်နှင့် ၅၀ ရာခိုင်နှုန်း ရောဂါသယ် ဆောင်သူများဖြစ်နိုင်သည်။
အလားတူ အခြားရောဂါ သယ်ဆောင်သူနှင့် ရောဂါရှင်များမွေးဖွားလာနိုင်ချေနိုင်ခြေများလည်း ရှိကြသည်။ယင်းတို့မှာ ဖခင်သည်   G6PD    ချို့တဲ့သည့် ရောဂါရှင်ဖြစ်ပြီး မိခင်သည် ရောဂါကင်းစင်သူဖြစ်ပါက မွေးလာသည့် ကလေး များတွင် မိန်းကလေးများအားလုံးသည် ရောဂါသယ်ဆောင်သူများအဖြစ် မွေးဖွားလာကြမည်ဖြစ်ပြီး ယောက်ျားလေးများအားလုံးသည် ရောဂါဖြစ်ခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဖခင်သည် ရောဂါရှင်ဖြစ်ကာ မိခင်သည် ရောဂါ သယ်ဆောင်သူဖြစ်ပါက ထိုစုံတွဲမှ မွေးဖွားလာသည့် ကလေးများတွင် မိန်းကလေးပါဝင်ပါက ထိုမိန်းကလေးသည် ရှားရှားပါးပါးရောဂါရှင်ဖြစ်နေတတ်ကြောင်း သိရသည်။ ထို့အပြင် အခြားကလေးများတွင်လည်း ယောက်ျားလေးဖြစ်ပါကရောဂါသည်အဖြစ်မွေးဖွားနိုင်ပြီး၊  အခြားမိန်းကလေးတစ်ဦးသည်ရောဂါသယ်ဆောင်သူအဖြစ်မွေးဖွားလာနိုင်သည်။ထိုစုံတွဲမှမွေးဖွားလာမည့်ကလေးများတွင်   ရှားရှားပါးပါးသားတစ်ဦးသာ  ရောဂါဖြစ်ခြင်းမှ  လွတ်မြောက်နိုင်ကြောင်း သိရသည်။ အထက်ပါစုံတွဲ သုံးမျိုးအနက်မှ  အမျိုးသမီးရောဂါသယ်ဆောင်သူနှင့် အမျိုးသားရောဂါမရှိသူစုံတွဲသည် အများဆုံးပေါင်းဖက်တတ်လေ့ရှိကြသဖြင့် မွေးလာသည့် ကလေးများတွင် ယောင်္ကျားလေးရောဂါရှင်များ အများဆုံးမွေးလာခြင်းဖြစ်သည်။
ထိုသို့ ယောင်္ကျားလေးရောဂါရှင်များမွေးဖွားလာပါကမျိုးဗီဇကြောင့်ဖြစ်ပွားသည့် ရောဂါဖြစ်သဖြင့် ပျောက်ကင်းအောင် ကုသရန်မှာမဖြစ်နိုင်ဘဲ  ဘ၀တစ်လျှောက်လုံး ဂရုတစိုက်နေထိုင်သွားရန်သာ လိုအပ်ကြောင်းသိရသည်။ G6PD    ချို့တဲ့သည့် ရောဂါရှင်များသည် ဘ၀တစ်လျှောက်လုံးအတွက် ရှောင်ရမည့်အရာများမှာ ပဋိဇီဝဆေးဝါးများ၊ ဆာလ်ဖာပါဝင်သည့် ဆေးဝါးများ၊အကိုက်အခဲပျောက်ဆေးဝါးများနှင့် ယခင်က အသုံးပြုခဲ့သည့် ကွီနီုင်၊ ကရိုလိုကွင်း အစရှိသည့် ငှက်ဖျားဆေးများအား ရှောင်ရမည်ဖြစ်သည်။အစားအစာအနေဖြင့် အပြားကြီးသည့် ပဲအမျိုးမျိုးအားရှောင်ရမည်ဖြစ်ပြီး အ၀တ်အစားများအားပရုပ်လုံးအသုံးပြုခြင်းမှရှောင်ရမည်ဖြစ်သည်။
အဆိုပါ ရောဂါရှင်များသည် အထက်ပါ ဆေးဝါးနှင့်အစားအသောက်များကို မရှောင်မိပါက သွေးနီဥများပေါက်ကွဲမှုပိုမိုများပြားလာတတ်ပြီး ဆီးထဲတွင် ဟေမိုဂလိုဗင်ဓာတ်များပါလာကာ ကိုကာကိုလာအရောင်ကဲ့သို့အရောင်များပါလာတတ်ကြောင်း သိရသည်။ ထို့အပြင်အချိန်မကုသမှုခံယူနိုင်ခြင်းမရှိပါက နှလုံး၊ ကျောက်ကပ် အစရှိသည်များကို ထိခိုက်ကာ အသက်အန္တရယ်ထိ ခိုက်စေနိုင်ကြောင်း ဒေါက်တာယုဇနစောမြင့်ကပြော သည်။ “ဒီရောဂါရှင်တွေက ပျောက်အောင်ကုလို့မရတော့ ကာကွယ်ပေးလို့ပဲရတယ်။ ကာကွယ်တာကတော့ ကိုယ့်သဘောနဲ့ကိုယ် ပဋိဇီဝဆေးတွေမသောက်ဖို့၊ ဆရာဝန်ပြရင်လည်းကိုယ့်မှာ ဒီရောဂါရှိတယ်ဆိုတာ ကြိုတင်ပြောပြထားဖို့လိုပါတယ်”ဟု ဒေါက်တာယုဇနစောမြင့်ကပြောသည်။ ထို့ကြောင့် အဆိုပါရောဂါရှင်များသည် ကုသမရနိုင်သည့်အတွက် ဘ၀တစ်သက်စာ ဖေးမကူညီကာ ဂရုစိုက်မှုပေးရန်လိုအပ်ကြောင်း သိရသည်။

1 comment:

  1. Eike Pee: အ၀တ်အစားများအားပရုပ်လုံးအသုံးပြုခြင်:့ကြောင့် သွေးတွင်းG6Pd ချို့တဲ့ခြင်း >>>>> Download Now

    >>>>> Download Full

    Eike Pee: အ၀တ်အစားများအားပရုပ်လုံးအသုံးပြုခြင်:့ကြောင့် သွေးတွင်းG6Pd ချို့တဲ့ခြင်း >>>>> Download LINK

    >>>>> Download Now

    Eike Pee: အ၀တ်အစားများအားပရုပ်လုံးအသုံးပြုခြင်:့ကြောင့် သွေးတွင်းG6Pd ချို့တဲ့ခြင်း >>>>> Download Full

    >>>>> Download LINK EX

    ReplyDelete