Pages

Showing posts with label ဟာသလေးများ. Show all posts
Showing posts with label ဟာသလေးများ. Show all posts

2/20/2012

ကိုယ့်ကြောင့်





ဘရာဇီး နိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ခရီးသည် တင်လေယာဉ်တစ်စင်း ပျံသန်းနေစဉ် ပျက်ကျသည် လေယာဉ်ပေါ်တွင်ပါလာသော သက်ရှိအားလုံး အနက် မျောက်တစ်ကောင်သာ အသက်ရှင်ကျန်ရစ်သည်ကို သက်ဆိုင်ရာ လူများကတွေ့ရှိကြ၏။ မျောက်ကို ဆေးရုံပို့၍ ကုသပေးပြီးနောက် ကျန်းမာရေးကောင်းမွန်လာချိန်တွင် မဂဓ ဘာသာစကား နားလည်သူတစ်ဦးက လေယာဉ် ပျက်ကျမှုဖြစ်စဉ်နှင့်ပါတ်သက် ၍ စစ်ဆေးမေးမြန်း၏။ 


လိုက်လျောမိလို့


အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကို အပျင်းပြေတူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။ ပထမတော့ ကောင်မလေးက ခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကို စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့် ကြိုးစားပမ်းစားဖွင့်လိုက်သည်။ 



2/18/2012

``မလိုင်လုံး မလိုင်လုံး´´

ရှမ်းလေးတစ်ယောက် မန္တလေးမြို့ မှ မိုးညှင်းမြို့သို့ သွားရန်
 
ရထားနှင့်လိုက်ပါသွားသည် မိုးညှင်း ဘူတာ ကို ရောက်တော့
 
 ဈေးသည်များ ထုံးစံအတိုင်း အော်နေကြသည်
 
``မလိုင်လုံး မလိုင်လုံး တစ်လုံးတစ်မှတ်´´
 
 ရှမ်းလေးက အောက်မဆင်းရဲ ဒီလိုနဲ့ မိုးကောင်းဘူတာသို့ ရောက်သော်လဲ
 
``မလိုင်လုံး မလိုင်လုံး တစ်လုံးတစ်မှတ်´´
 
 သူကြားလိုက်တာက ရှမ်းဘာသာလို
 
 ``မလိုင်လုံး မလိုင်လုံး ၊ တစ်လုံးတစ်မှတ်´´
 
    မဆင်းရ မဆင်းရ  ၊ ဆင်းရင် ကြိုးတုတ်မယ် ... ဆိုတော့
 
 ဒီလိုနဲ့ ရှမ်းလေး ရထားဂိတ်ဆုံးသို့ပါသွားလေရော...
 
 ရှက်လွန်းလို့ ခုမှ ဖွင့်ပြောတာ ဟိဟိ 

2/17/2012

ရှမ်း လည်တာ ဗမာ အ သလောက် ပဲရှိသတဲ့

 
 
လွန်ခဲ့သော သ မ ၀ါယမ ကုန်တိုက်ရှိစဉ်တုန်းက ဖြစ်ရပ်မှန် ဟာသလေးတစ်ခုပါ။
 
တချိန်က ရှမ်းကြီးတစ်ယောက် ဖါးကန့်သို့ သွားရန် မန်းတလေးဘူတာကြီးကိုရောက်လာသည်။
 
အချိန်ရနေသောကြောင့် လမ်းစရိတ်ရရ ကုန်ဝယ်ရန် ဈေးချိုဘက်သို့သွားသည်။
 
နာရီစင်ကြီးနားအရောက် သ မ ကုန်တိုက်အပေါက်ဝတွင် လူစည်ကားနေသဖြင့်ရပ်ကြည့်နေစဉ်
 
လူတစ်ယောက်က““တာကော တာကော သက်သာဆပ်ပြာမုန့် လျှော့ဈေးနဲ့ရောင်းမယ်။
 
 အခုမှထုတ်လာတာပါ။ပိုက်ဆံလိုလို့အားလုံးပြန်ရောင်းမယ် အာမီရမ် လဲပါတယ်"
 
 ဖေါက်သည်ဈေးဘယ်လောက်လဲ။ ပေါက်ဈေးက ၃ကျပ်ရှိတယ် ၂.၅၀ ပဲယူပါ။
 
   ရှမ်းကြီးစဉ်းစားသည်“ဖါးကန့်ရောက်ရင် ၁၀ ရောင်းရတယ် ဒါပဲဝယ်သွားရင်ကောင်းမယ်။
 
ဒါဆို (.........)ဖိုးပေးပါ။
 
ဖါးကန့်သို့ရောက်သော် ဆပ်ပြာမုန့်အားလုံး ဂျုံမုန့်တွေ အရက်က ရေတွေ ဖြစ်ကုန်ပြီး
 
"အာရိုးရိုး ..မွတ်ရောက်မွတ်ရောက်.....ခွိုင်း  ယီမေဆူ ...................."
 
၁ နှစ် ကြာသောအခါ ရှမ်းကြီးက မန်းတလေးဘူတာကြီးကိုပြန်ရောက်လာသည်။
 
ကျောက်စိမ်းတစ်လုံးပါလာသည် ကျောက်ဝိုင်းသို့သွားပြရာ
 
ကျောက်ပွဲစားက ကျောက်ကိုကိုင်ကြည့်ရင်း စိတ်မှန်းကြည့်သည်
 
“အင်း ဒီကျောက်တာ စစ်ရင် ဆယ်ချီမအောက်ဘူး”
 
““ကိုယ့်လူ ဘယ်လောက်ရောင်းမှာလဲ”” ရှမ်းကြီးက ““တောင်း၂၀””
 
ဟ မင်းကျောက်က သိန်း၂၀ မတန်ဘူး
 
 ရော့ပြန်ယူသွား”” ““မဟို့ ဘူး  တောင်း ၂၀ ပါ””ပွဲစားနှစ်ယောက်က တီးတိုးပြီး
 
““ဟေ့ကောင်သူပြောတာ တောင်း၂၀ဆိုတာဘယ်လောက်လဲ”“ 
 
““ဟာ့ကောင်သောင်း၂၀ဆိုတာနှစ်သိန်းပဲကျတယ်
 
 ဒီရှမ်းကြီးတော်တော်အတယ်။ ဗမာစကားတောင်ကောင်းကောင်းမပြောတတ်ဘူး။ 
 
 မြန်မြန်ဝယ်မြန်မြန်ဝယ်
 
တော်ကြာသူများနောက်ပါသွားလိမ့်မယ်”” နောက်တစ်နေ့တွင်
 
ကျောက်စိမ်းကိုခွဲကြည့်ရာ ဆေးဆိုးကျောက်အတုသာဖြစ်နေသည်၊
 
““ဟေ့ကောင်  မင်းပြောတော့ ဒီရှမ်းကြီး တော်တော် အ တယ်ဆို ခုတော့သွားပါပြီ""
                                                                                  ကုန်ပါပြီ   အီးး ဟိ..ဟိ..ဟိ.....<br/><br/>                                                                                                              saikoko ရှမ်းပြည်