Pages

Showing posts with label HEALTH. Show all posts
Showing posts with label HEALTH. Show all posts

11/03/2012

သံပုရာသီး အစွမ်းအံမခန်း (မိန်းကလေးများ ဖတ်သင့်သည်)




*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့်တစ်လုံးကို
ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ
်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ်
့မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသ
ီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။



လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …


၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။


၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။


၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။


၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။


၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။


၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။


၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။


( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )

စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊


ပိန်နေသူများ ၀စေသည်


ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။


အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊


ဝနေသူကို ပိန်စေသည်


ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..


ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း......

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...


တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

မှီငြမ်း လင့်ခ်များ>> www.genuinewhitefamily.org/ ,www.facebook.com/ ,khitlunge.org.mm/ ,dhammayaungchi.com,Source: http://saintsanyae.blogspot.com/2012/01/blog-post_2046.html

*ဣဿရမူလီ* ( ၀၊ခ်ေလီခေူဂ့်ယုင်း )








Photo: ဘီပိုးကို နိုင်တဲ့ဆေး
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (Atistolochia indica) သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။ သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။ နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။

နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ *ဆေးသုံးစွဲနည်း* (၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။ ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။ *သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . * မေတ္တာဖြင့် တောင်တန်းသာသနာပြုဆရာတော် စ၀်ဆုခမ်း (တန့်ယန်း)
http://www.sitagustar2020.net 
                           ' ဘီပိုးကို နိုင်တဲ့ဆေး '

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (Atistolochia indica) သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်

ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။ သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။ နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။

နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ *ဆေးသုံးစွဲနည်း* (၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။ ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။ *သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . 
 
* မေတ္တာဖြင့် တောင်တန်းသာသနာပြုဆရာတော် စ၀်ဆုခမ်း (တန့်ယန်း)  http://www.sitagustar2020.net/

9/06/2012

"အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ"

ဝိတ်ကျချင်သူတွေအတွက်   ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့်   နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရေးဝဝ အိပ်ပါ။
မီချီဂန်  တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့  တစ်နှစ်ကြာရင်  ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။  အိပ်ရေးဝခြင်းက  ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့်  ဖြစ်ပါတယ်။
၂။ အိမ်မှာ စားပါ။
အိမ်မှာ  ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ   ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက်   အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။
၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက်  တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ   ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ   ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့   ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။

4/05/2012

လက်ကိုင်ဖုန်းရဲ့ အန္တရာယ်များ(Electromagnetic Field) EMF radition


၁. ကလေးများကို အရေးပေါ်ကိစ္စမှ တစ်ပါး အခြားကိစ္စများအတွက် လက်ကိုင်ဖုန်း အသုံးပြုခွင့် မပေးသင့်ပါ။  ကလေးများ၏ ဦးခေါင်းခွံသည် လူကြီးများနှင့်စာလျှင် အလွန်းပါးလွှာပြီး ဦးနှောက်တွင်လည်း လူကြီးထက်စာလျှင် အရည်ပါဝင်မှု ပိုမို များပြားသောကြောင့် လက်ကိုင်ဖုန်းမှ ထုတ်လွှင့်သော လျှပ်စစ်လှိုင်းများမှာ ကလေးများ၏ ဦးနှောက်အတွင်းသို့ အလွယ်တကူ လျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်ပါသည်။ သင်၏ကလေးတွင် လက်ကိုင်ဖုန်း ရှိနေပါကလည်း ၄င်း လက်ကိုင်ဖုန်းကို ခေါင်းအုံးအောက်တွင် ထား၍ အိပ်စက်ခြင်းကို အထူးရှောင်ကျဉ်စေလိုပါသည်။
ဦးနှောက်ကင်ဆာဖြင့် သေဆုံးသူ ကလေးအရေအတွက်သည် အခြားကင်ဆာဖြင့် သေဆုံးသော အရေအတွက်ထက် ပိုမိုမြင့်မားလျှက် ရှိနေပါသည်။ ( Sydney TV News Report)
ဦးနှောက်ကင်ဆာသည် အသက်၁၅နှစ်အောက် ကလေးများနှင့် အသက် ၃၄နှစ်အောက် လူငယ်များအတွက် ဒုတိယ သေနှုန်းအများဆုံး ရောဂါတစ်ခု ဖြစ်လာနေပါသည်။ ( Neurologychannel.com)

၂.ကိုယ်ဝန်ဆောင် မိခင်လောင်းများ (သို့မဟုတ်) ကိုယ်ဝန်ရှိနေသည်ဟု သံသယ ဖြစ်သောသူများ လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏ ကိုယ်တွင်းရှိ ဖွံ့ဖြိုးဆဲ သန္ဓေသားလောင်းသည် အလွန်နူးညံ့ သိမ်မွေ့လွန်းသောကြောင့် လက်ကိုင်ဖုန်းမှ ဖြာထွက်လာသော လျှပ်စစ်သံလိုက်လှိုင်းများသည် ၄င်း ဖွံ့ဖြိုးစ သန္ဓေသားလောင်းအား ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ ကလေးငယ်လေးများကို ပွေ့ပိုက်ထားရင်းဖြင့် သော်လည်းကောင်း၊ လွယ်ပိုးထားရင်းဖြင့်သော်လည်းကောင်း လက်ကိုင်ဖုန်းပြောခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါသည်။ မလွှဲမရှောင်သာသော အရေးပေါ်ကိစ္စများတွင်သာ တိုတိုနှင့်လိုရင်းသာ ပြောဆိုသင့်ပါသည် ။


၃. လက်ကိုင်ဖုန်းကို အချိန်ကန့်သတ်ပြီးမှပြောပါ။ အချိန်ကြာကြာ ပြောခြင်းကို ရှောင်ကျဉ်ပါ။ အချိန်ကြာကြာပြောလေ ဦးနှောက်ကင်ဆာ၊ မျက်စိကင်ဆာ ဖြစ်နိုင်ခြေ ပိုများလေ ဖြစ်သည်ဟု သိရပါသည်။ လက်ကိုင်ဖုန်းဖြင့် စကားပြောလျှင် တိုတိုနှင့် လိုရင်းပြောကျင့် ပြုလုပ်ပါ ။ ဖုန်းပြောချိန် ကန့်သတ်ခြင်းသည် သင်၏ ငွေကြေးကိုသာ အကုန်အကျ သက်သာစေသည်မဟုတ်။ သင်၏ ကျန်းမာရေးကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။
၎. သင်၏လုပ်ငန်းခွင်နှင့် အချိန်ကြာကြာ စကားပြောရသည့် နေရာများအတွက် ရိုးရိုးကြိုးဖုန်းကိုသာ အတတ်နိုင်ဆုံး အသုံးပြုပါ။ ကြိုးမဲ့ cordless ဖုန်းများသည်လည်း လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု အလွန်မြင့်မားပြီး အသုံးမပြုချိန်မှာတွင်ပင် လှိုင်းများ ဖြာထွက်နေဆဲ ဖြစ်ပါသည်။


၅.လက်ကိုင်ဖုန်းကို ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးဝေးထားပါ။  ဖုန်းပြောလျှင်လည်း မိမိဦးခေါင်းနှင့် အနည်းဆုံး ၂လက်မခန့်ခွာ၍ ပြောခြင်းဖြင့် ဦးနှောက်သို့ လျှပ်စစ်သံလိုက်လှိုင်းများ ရောက်ရှိခြင်းကို ၇၅%နှုန့်ခန့် ကာကွယ်ပြီးသား ဖြစ်စေနိုင်ပါသည်။ ဒေါက်တာ ဂျော့ခ်ျကားလို၏ အကြံပေးချက်မှာ လက်ကိုင်ဖုန်းကို မည်သည့်အချိန်တွင်ဖြစ်စေ ကိုယ်ခန္ဓာနှင့် အနည်းဆုံး ၆လက်မ ၇လက်မခန့် ဝေးဝေးထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
၆. အပြင်သွားလျှင် လက်ကိုင်ဖုန်းကို ခါးပတ်တွင် ချိတ်သွားခြင်း၊ လက်တွင်းကိုင်ဆောင်သွားခြင်း၊ အင်္ကျီအိတ်ထောင်များအတွင်း ထည့်သွားခြင်းတို့ကို ရှောင်ကျဉ်သင့်ပါသည်။ ၀မ်းဗိုက်ရှိ ခန္ဓာကိုယ်တစ်ရှူးများသည် ဦးခေါင်းထက်ပို၍ လျှပ်စစ်လှိုင်းများကို ပို၍လျှင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် အမျိုးသားများတွင်လည်း  ကလေးရရှိရန် အခွင့်အရေး နည်းပါးခြင်းမျိုး ဖြစ်နိုင်ပါသည်။ မဖြစ်မနေ အိတ်အတွင်းထည့်ယူသွားဖို့ လိုအပ်လာလျှင် လက်ကိုင်ဖုန်း ကီးပက်( Key Pad) ကို ခန္ဓာကိုယ်နှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ထား၍ သယ်ယူသွားခြင်းက ဖုန်းအဲန်တင်နာနှင့် မျက်နှာချင်းဆိုင် မဖြစ်စေနိုင်တော့ပါ။
၇. လက်ကိုင်ဖုန်းပြောလျှင် နားကြပ်များအသုံးပြုခြင်း၊ လက်ကိုင်ဖုန်းမှ သီချင်းများကို နားကြပ်ဖြင့် အချိန်ကြာမြင့်စွာ နားထောင်ခြင်းတို့သည်လည်း လက်ဖြင့်ကိုင်၍ ဖုန်းပြောခြင်းထက် သုံးဆပိုပြီး နားနှင့် ဦးနှောက်ကို လျှပ်စစ်သံလိုက်လှိုင်းများ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ကိုင်ဖုန်းများအတွက် ထုတ်လုပ်ထားသော နားကြပ်များမှာ အဲန်တင်နာသဖွယ် ဖြစ်စေသောကြောင့်  လျှပ်စစ်လှိုင်းများမှာ နားအတွင်းသို့ တိုက်ရိုက် ၀င်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လက်ကိုင်ဖုန်းဖြင့် နားကြပ်ကိုအသုံးပြု၍ သီချင်းနားထောင်ခြင်းကို ရှောင်ကျဉ်သင့်ပါသည်။
၈. ဖုန်းပြောလျှင် နားနှင့် တိုက်ရိုက်ကပ်ပြောခြင်းထက် စပီကာဖွင့်၍ ပြောခြင်းက သင့်အတွက် ပို၍ အန္တရာယ်ကင်းစေနိုင်ပါသည်။ ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးခြင်းသည် မိမိကျန်းမာရေးအတွက် စိတ်အချရဆုံး အနေအထား ဖြစ်ပါသည်။ ဘလူးတု(ခ်ျ)ကို အသုံးပြု၍ ဖုန်းပြောခြင်းသည် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်ခြင်း အပုံတစ်ရာလျှင် တစ်ပုံသာ ရှိတော့သည်ဟု ဆိုသော်လည်း ဘလူးတုခ်ျကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည် ဟူ၍တော့ မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘလူးတုခ်ျကို အသုံးပြုလျှင် လျှပ်စစ်လှိုင်းများမှာ နားသို့တိုက်ရိုက် ၀င်ရောက်နိုင်သဖြင့် အသုံးပြုသူများ စဉ်းစားဖွယ် ဖြစ်ပါသည်။
၉.သတ္တုဖြင့် ပြုလုပ်ထားသော အလုံပိတ်အခန်းများ ဓာတ်လှေကား၊ လေယာဉ်ပျံ၊ မီးရထား၊ မြေအောက်ရထား၊ စက်ကိရိယာများ အတွင်းစသည်တို့နှင့် အခြား သတ္တုအဆောက်အဦးများတွင် လက်ကိုင်ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ သတ္တုအဆောက်အဦး အလုံပိတ်များသည်  လျှပ်စစ်လှိုင်းများအား ၄င်းတို့ထဲတွင် လှောင်အိမ်သဖွယ် ပိတ်မိနေစေကာ သင်နှင့် အခြားသူများအား ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ၄င်းနေရာများတွင် ရောက်ရှိနေပါက လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။
၁၀.ဆက်သွယ်မှုဧရိယာ ကောင်းမွန်စွာ မိသော နေရာတွင်သာ ဖုန်းပြောသင့်ပါသည်။ လိုင်းကောင်းစွာ မမိသောနေရာ၊ အရှိန်ဖြင့်သွားလာနေသော ကား၊ ရထား၊ လေယာဉ်ပျံ၊ မြေအောက်ရထား တို့ပေါ်တွင် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ ယင်းကဲ့သို့ အမြန်ပြေးလွှားနေသော နေရာများပေါ်မှ ဖုန်းပြောပါက အနီးဆုံး တယ်လီဖုန်းစတေရှင်သို့ ဆက်သွယ်နိုင်ရန် လက်ကိုင်ဖုန်းသည် ပါဝါပို၍ စိုက်ထုတ်ရသောကြောင့် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု ပိုမိုများပြားပါသည်။
၁၁.ညအိပ်ချိန်တွက် လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။ လက်ကိုင်ဖုန်း၊ လျှပ်စစ်နာရီ၊ နိုးစက်နှင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များမှ ဖြာထွက်သော လျှပ်စစ်သံလိုက်လှိုင်းများသည် သင်၏ အိပ်စက်ခြင်းကို အနှောက်အယှက် ပေးနိုင်ပါသည်။ ထို့ကြောင့် အိပ်စက်ချိန်တွင် လက်ကိုင်ဖုန်းကို ပိတ်ထားခြင်း၊ အခြား လျှပ်စစ်ပစ္စည်းများအားလည်း မိမိနှင့်ဝေးရာနေရာ(အနည်းဆုံး ၆ပေခန့်အကွာ)တွင် ထားသင့်ပါသည်။
လက်ကိုင်ဖုန်း အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှု ရှိမရှိဆိုတာ နိုင်ငံအချို့မှာ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်.. တယ်လီဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကတော့ သူတို့ စီးပွားရေးကျဆင်းမှာ စိုးတဲ့အတွက် လက်ကိုင်ဖုန်းဟာ ဘာအန္တရာယ်မှ မရှိကြောင်း ခုခံပြောဆိုနေကြပေမဲ့ အသက်ကို ဥာဏ်စောင့်၍ မိမိကျန်းမာရေးကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ

3/15/2012

ဆီးချိုအတွက် သတင်းကောင်း

ဆီးချိုရောဂါဟာ ရောဂါအားလုံးကို ခန္ဓာကိုယ်ထဲ ဝင်လာဖို့ ဖွင့်ပေးတဲ့ တံခါးလို့ခေါ်တယ်။ ဆိုလိုတာက ဆီးချိုဖြစ်ရင် ကျန်တဲ့ ရောဂါတွေလဲ အဖေါ်စုပြီး ဝင်လာတော့တာပဲ။ ဆေးတွေလဲ မျိုးစုံရှိခဲ့တယ်။ ဒါပေမယ့် ခန္ဓာက လက်ခံမှာ ဆေးကအစွမ်းထက်တယ်။ ဆီးချိုအတွက် ရတက် မအေးနေတဲ့သူတွေအတွက် ဒီတစ်ခေါက် ဆေးကောင်းတစ်လက် သိရလို့ ဖေါ်ပြလိုက်ပါတယ်။ စာရေးသူရဲ့ ကားဆရာ ဦးမောင်ကြီး (ခေါ်) လုံးဆော လာပြောပြလို့ သိရတာပါ။ သူတို့ရဲ့ (သီပေါ) မိုးတေရွာသားတွေ ဆီးချိုဖြစ်တဲ့သူက ငချိတ်ကောက်ရိုးကို အရည်ကျိုသောက်ကြည့်တာ ဆီးချိုပျောက်သွားတဲ့သူတွေ တစ်ဒါဇင်ကျော်လောက်ရှိသွားပြီတဲ့။
တိုင်းရင်းဆေးထုံးစံအတိုင်း သုံးခွက် တစ်ခွက် ကျိုပြီးသောက်ရင် ရပါတယ်။ အနံ့ကတော့ ငချိတ်ပေါင်းအနံ့ဖြစ်လို့ သောက်ရ လွယ်ကူပါတယ်။
ဆီးချိုဖြစ်တဲ့သူတွေအတွက် ဘေသဇ္ဇဒါနအဖြစ် သတင်းကောင်းပါးလိုက်ပါတယ်။
ဒီဆေးကို ရဖို့ တစ်ခါတစ်လေ တစ်နှစ်လောက် စောင့်ရတတ်တယ်နော်။

ဆီးချိုရောဂါ အမြန်ပျောက်ပါစေ။
မေတ္တာဖြင့်
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

Refer & Credit to www.shanviews.com

2/20/2012

လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းလမ်း ကိုးသွယ်...

(၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် စားပါ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေ ပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးတယ် လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါ့အ ပြင် ထပ်ဆောင်းအာနိသင်အနေနဲ့ မဂ္ဂနီ ဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်းကိုက်တာကိုပါ ကာကွယ် နိုင်ပါတယ်။


2/09/2012

အစာထဲကအဆိပ်




                စိုက်ပျိုးရေးနည်းပညာများ ထွန်းကားလာသော ယနေ့အချိန်တွင် ဟင်းသီးဟင်းရွက်များကို သတိမမူဘဲ စားသုံးပါက အဆင်မသင့်လျှင် ဥပါဒ်ဖြစ်မည့်အခြေအနေ ပိုများလာသည်။ဟင်းသီးဟင်းရွက်၊ အသီးအနှံများသည် ကျန်းမာရေးရှုထောင့်အရ သင့်တော်သော အစားအစာများဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုတွင်
ကျယ်စွာအသုံးပြုလာကြသည့် ပိုးသတ်ဆေးများ၊ အပင်ကြီးထွားစေသော  ဓာတုဆေးများ၊ အရသာကောင်းမွန်စေရန်သုံးသည့် ဓာတ်မြေသြဇာစသည့်
ဓာတုပစ္စည်းများကြောင့် စားသုံးသူများတွင် အန္တရာယ်ဖြစ်ပေါ်ခြင်း သည်များရှိလာသည်။


               ဈေးများအတွင်း  ရောင်းချ နေသည့် အသီးအရွက်အချို့အား သုတေသနစစ်ဆေးမှုများအရ ပိုးသတ်ဆေးပါဝင်မှုနှုန်းသည် စားသုံးသူအား အန္တရာယ်ဖြစ်စေသည်အထိ ပမာဏများပါဝင်နေ သည်ကိုတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။ ယခင် သီရိမင်္ဂလာဈေး ဟောင်းအတွင်း  ရောင်းချသည့်  မုန်ညင်းများတွင်လည်း တွေ့ရှိခဲ့ ကြောင်းသိရသည်။“ဈေးထဲက မုန်ညင်းဖြူနဲ့ ကိုက်လန်ကိုသုတေသနလုပ်ခဲ့ဖူးတယ်။   အဲဒီမှာသူတို့ သုံးတဲ့ ပိုးသတ်ဆေးနှစ်မျိုးက ခုနစ်ရက်ကြာတဲ့အထိကိုရှိနေတယ်။ ခုနစ် ရက်နောက်ပိုင်းမှ လူစားလို့ရနိုင်တဲ့အနေအထားကို တဖြည်းဖြည်း နဲ့ကျသွားတယ်”ဟု အဆိုပါသီးနှံများအား သုတေသနပြုလုပ်ခဲ့သည့် ပညာရှင်တစ်ဦးက ပြောသည်။
သီးနှံစိုက်ပျိုးသည့် လူတိုင်းလိုလို တစ်မျိုးမျိုးသော ဓာတုပစ္စည်းများအား အသုံးပြုနေကြပြီး စည်းကမ်းလိုက်နာမှုများ မရှိပါကစားသုံးသူများပါ သေစေသည်အ ထိ အန္တရာယ်များ ကျရောက်စေနိုင်ကြောင်း အဆိပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း  ပြောကြားထားသည်။အော်ဂဲနိုဖော့စဖရပ်ကွန် ပေါင်းဖြစ်သည့် ပိုးသတ်ဆေးပမာ ဏ အနည်းငယ်သည် လူတို့၏ အသက်ရှူလမ်းကြောင်းမှတစ် ဆင့်လည်းကောင်း၊ အရေပြားမှ တစ်ဆင့်လည်းကောင်း၊   အစားအစာစားသုံးခြင်းမှ တစ်ဆင့်လည်းကောင်း ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားလျှင် ပမာဏအနည်းငယ်ကပင် အာရုံကြောအား ထိခိုက်စေနိုင်ကြောင်း ဆေးသုတေသနညီလာခံတွင်ပြုလုပ်သွားသည့် စာတမ်းဖတ်ပွဲ၌ ဆရာ ၀န်များက ဖတ်ကြားခဲ့သည်။
ထိုကဲ့သို့   စားသုံးသူများအပြင် ပိုးသတ်ဆေးအသုံးပြုသူများတွင်လည်း အန္တရာယ်ကင်းသော ကာကွယ်မှုများ မရှိပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ခြင်းနှင့် ပတ်သက်၍ “မနေ့က ရောက်လာတဲ့တစ်ယောက်ဆို ဆေးဖျန်းနေရင်း ညနေကျတော့မူးလဲသွားတယ်။  မေးကြည့်လိုက်တော့ ဆေးဖျန်းနေတာ နှာခေါင်းစည်းလည်း မတပ်ထားဘူး။   ဆေးဖျော်တာလည်း ကိုယ့်ဘာသာကိုယ်ဖျော်တယ်လို့ပြောတယ်။   အကာအကွယ်မရှိတဲ့အတွက် အငွေ့တွေကခန္ဓာကိုယ်ထဲ ရောက်ပြီး နောက်
ဆုံးတဖြည်းဖြည်းနဲ့   အသက်ရှူကျပ်လာတဲ့အထိ   ဖြစ်လာမယ်။ ပြီးတော့မျက်လုံးသူငယ်အိမ် အရမ်းကျဉ်းသွားပြီး  အဲဒီ့အချိန် ဖြေဆေးမရဘူးဆိုရင်  အသက်
ဆုံးရှုံးသွားနိုင်တယ်”ဟု ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး ဆီးချိုနှင့်  အထွေထွေရောဂါ အထူးကုသမားတော်ကြီး အဆိပ်သင့်ကုသဌာန ဒေါက်တာ ဦးရဲမြင့်ကပြောသည်။
ဓာတုပစ္စည်းဖြစ်သည့် အဆို ပါပစ္စည်းများအား ရောင်းချခြင်းမပြုမီ အန္တရာယ်ကင်းသည့်ရက် အပိုင်းအခြားအလိုက် ကြိုတင်၍ အသုံးပြုရမည်ဟု သတ်မှတ်ချက် များလည်းရှိပြီး ထိုအချက်အား စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် လိုက်နာမှသာ စားသုံးသူများတွင် အန္တရာယ်ဖြစ်ပွားစေမှုနည်းပါးမည် ဖြစ်သည်။“လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက ဆိုရင်တော့ စိုက်ပျိုးတဲ့သူ တွေက ပိုးသတ်ဆေးသုံးပြီး ခုနစ်ရက်၊ဆယ်ရက်လောက်နေမှ ရောင်းချဖို့လုပ်ကြတယ်။ အခု နောက်ပိုင်းတော့ ဈေးနှုန်းအတက်အကျက
လည်း နေ့စဉ်ဖြစ်နေတာဆိုတော့လူတွေက ကြာကြာစောင့်လို့မရဘူး။ မစောင့်နိုင်တော့ဘူး။ အဲဒါနဲ့တချို့ဆိုရင် ဆေးဖျန်းပြီး နှစ်ရက်လောက်နေတာနဲ့ ရောင်းကြတယ်”
ဟု အင်းလေးကန်ဒေသတွင် ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ကိုင်နေ သည့် တောင်သူတစ်ဦးက ပြောသည်။
အသီးအနှံများတွင် ပိုးသတ် ဆေးသုံးသည့်အခါ ဈေးကွက်အ တွင်းမပို့မီ ရက်ခြားပြီး သုံးစွဲရမည့်ဗဟုသုတများနှင့် ပိုးသတ်ဆေး၏ အန္တရာယ်အား ကျေးရွာအထိ စိုက်ပျိုးရေးပစ္စည်းများ ရောင်းချ သော ကုမ္ပဏီများမှ တာဝန်ရှိသူ များက တောင်သူများကို အသိပညာပေးမှုများရှိသည်ဟုဆို သည်။ ထို့အပြင် ယခုနောက်ပိုင်း
ဈေးကွက်အတွင်းရှိသည့် ပိုးသတ်ဆေးများသည် ယခင်ထက် ပြင်းအား   ပိုမိုများပြားပြီး   ဈေးကွက်အတွင်းမပို့မီ     ၁၄ရက်ခန့် ကြိုတင်သုံးစွဲသင့်ကြောင်း သတိပေး ပြောဆိုမှုများလည်းရှိကြောင်း တောင်သူ အချို့ကပြောသည်။ထိုကဲ့သို့ စနစ်တကျမရှိသည့် ပိုးသတ်ဆေးပါဝင်မှုနှုန်းများပြားနေသည့်အစားအစာများကြောင့်
အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် စားသုံးသူများအနေဖြင့် မဖြစ်မနေလိုက်နာသင့်သည့် အချက်တစ်ချက်မှာ အသီးအနှံများအား ထပ်ခါထပ်ခါ ဆေးကြောပြီးမှ စားသုံး သင့်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲမြင့်ကပြောကြားသည်။
  
“တချို့တွေရဲ့လွဲမှားတဲ့ အယူအဆဖြစ်တဲ့ ပန်းသီးဆိုရင် အခွံပါစားရတယ်ဆိုတဲ့ အတွေးတွေက ပန်းသီးအခွံမှာဆိုရင် ပိုးသတ်ဆေးတွေ၊ ဖယောင်းတွေပါဝင်နေတယ်။ အခွံပါ စားရင် အဲဒါတွေပါ ခန္ဓာကိုယ်ထဲ ရောက်သွားတယ်။ အဲဒါကြောင့် အခွံခွာပြီး သေချာဆေးစားတာ အကောင်းဆုံးပဲ”ဟု အဆိုပါဆရာဝန်ကပြောသည်။ထိုကဲ့သို့ ဈေးကွက်အတွင်း ရောင်းချသည့် အစားအစာများ အန္တရာယ်ရှိ၊ မရှိအားသက်ဆိုင် ရာဌာနများမှ စစ်ဆေးခြင်းများရှိသော်လည်း ထိရောက်သော စစ်ဆေး အရေးယူမှုအားနည်းခြင်းနှင့် နိုင်ငံအတွင်းတွင် အစားအသောက်လုံခြုံမှုစနစ်များအားနည်းခြင်းများကြောင့် ဈေးကွက်အတွင်းတွင် အန္တရာယ်ရှိသော   အစားအစာ များကို  ပြည်သူများ စားသုံးနေရ ကြောင်း   သုတေသနပညာရှင် တစ်ဦးကလည်း သုံးသပ် ပြောကြားသည်။ ပိုးသတ်ဆေး ပါဝင်သည့်အစားအစာများ   စားသုံးခြင်း ကြောင့်စားသုံးသူများတွင် ရေရှည် တွင် အာရုံကြောအား ထိခိုက် ခြင်း၊ အဆုတ်တွင် နမိုးနီးယားကဲ့သို့ ရောဂါဖြစ်ပေါ်ခြင်း၊ အရေပြားရောဂါများဖြစ်ပွားခြင်း၊ အတက်
ရောဂါများ  ဖြစ်ပွားခြင်းအပြင် ကင်ဆာရောဂါများအထိလည်း ဖြစ်ပွားနိုင်ကြောင်း သုတေသနပညာရှင်တစ်ဦးက   ပြောကြားသည်။
“အများစု   တွေ့ရတာကတော့ စိတ်ညစ်ပြီး  အသက်သေချင်တဲ့အတွက် ပိုးသတ်ဆေးသောက်တာကနေ ချက်ချင်းပဲ အာနိသင်ပြပြီး အသက်သေဆုံးသည်အထိ ဖြစ်တဲ့သူတွေများတယ်”ဟု ဒေါက်တာဦးရဲမြင့်က ဖြည့်စွက်ပြောကြားသည်။

REF ;  ဝတ်ရည်အောင်(7dayNews)

ဆေးဝါးလွန်ကဲ၍ အဆိပ်သင့်မှုများလာ




အဆိပ်သင့်ကုသမှုဌာနများတွင် ဆေးဝါးလွန်ကဲခြင်းကြောင့်ဖြစ်သည့် အဆိပ်သင့်ခြင်းနှင့်   မတော်တဆဖြစ်ပွားသည့် အဆိပ်သင့်ခြင်းတို့တွင်  ဆေးဝါး
ကြောင့် အဆိပ်သင့်ခြင်းသည် ဖြစ်ပွားမှုများပြားလာကြောင်း ထိုဌာနများရှိ  တာဝန်ရှိသူအချို့က  ပြောသည်။။