Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts
6/29/2012
မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်
လူတစ် ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကို တရုတ်-မြန်မာနှစ် ဘာသာဖြင့် ရေးသားထားသည်။ စည်းကမ်းချက်၊ နံပါတ်၁၂ တွင် “အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ”ဟူသောသတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌ အခြေစိုက်ဆောင်ရွက်လျက်ရှိသောကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် မြန်မာ-တရုတ်ရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်ဝန်ထမ်းများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်သည်။
6/01/2012
" Looking young apparently means a longer life "
'အရွယ်တင်ဖို့အရင်တွယ်စို့'
' Looking young apparently means a longer life'
အရွယ်တင် နုပျိုခြင်းသည် အသက် ရှည်
ရှည်နေနိုင် ခြင်းကို ဆိုလိုကြောင်း ဖြင့်လေ့လာမှု တစ်ခု အရ သိရပါသည်။
ဒိန်းမတ် နိုင်ငံမှပညာရှင် တို့၏ လေ့လာ မှုအရ မူရင်း အသက် အရွယ်ထက် လက်တွေ့ မြင်နေ ရသော ပုံပန်းသဏ္ဌာန်က သိသာစွာ နုနယ် ငယ်ရွယ် နေသူ တို့သည့် သက်တမ်း ရှည်ရှည် နေထိုင်ခွင့်
ရနိုင်ကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် `အရွယ်တင် နုပျိုခြင်းသည် အသက်
ရှည်ခြင်း´ပင် ဖြစ်သည်ဟု ဆိုလိုပါသည်။
၂၀ဝ၁ ခုနှစ်က ဒိန်းမတ် သုတေသီ တို့သည် အသက်
၇၀ ကျော်ရှိ အမြွှာ ၁၈၂၆ စုံတို့၏ ရုပ်ပိုင်းနှင့် ဥဏ်ပိုင်း ဆိုင်ရာ စစ်ဆေးမှု များ၊ မျက်နှာ
ဓာတ်ပုံရိုက်ခြင်း တို့ကို ပြုလုပ်ခဲ့ ကြပါသည်။ ထိုအမြွှာစုံတွဲ တို့ကို အုပ်စု ၃ စုခွဲ၍ သေချာစွာ
ဆက်လက် လေ့လာခဲ့သည်။ နောက်ခုနစ်နှစ် ကြာသည် အထိ ထိုအမြွှာတို့ထဲမှ သက်ရှိ
ကျန်ရစ်သူ တို့ကို လည်း လေ့လာ ခဲ့သည်။ ယင်းတွင် မူရင်း အသက် အရွယ်ထက် ပိုမိုနုပျို
အရွယ်တင် နေသူတို့သည် အသက်ရှည်၊ ဘအသက်ရှင် ကျန်ရစ်လျက် ရှိကြောင်း တွေ့ရသည်။
လိင်ပိုင်း ဆိုင်ရာ (Gender) နှင့် ပတ်ဝန်းကျင် ဆိုင်ရာ (Environmental factors) အချက်
အလက်များ၏ လွှမ်းမိုး ခြယ်လှယ် ခံရမှု မကွာခြား စေကာမူ နုပျိုခြင်းနှင့် အသက်ရှည်ခြင်း
တို့သည် ဆက်စပ် နေကြောင်း တွေ့ရခြင်း ဖြစ်သည်။ The older-looking twin အိုမင်း
ရင့်ရော်နေသော အမြွှာတို့က ဦးစွာ သေဆုံး နေရလေ့ ရှိကြပါသည်။
ယင်းတွင် biological
explanation ဇီဝဖြေရှင်းမှု ဆိုင်ရာ အချက်ကို လေ့လာရာ ဗီဇ DNA (ဗီဇနှစ်ပင်လိမ် ကြိုးခွေ)၏
အဖျားစွန်း အပိုင်း ဖြစ်သော telomere တို့သည် `တယ်လို မီးရား´ တွင် ကွာခြားကြောင်း တွေ့ရ
ပါသည်။ Telomere တို့သည် အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကို အထူးညွှန်းပြသည့် DNA ၏ အစိတ်
အပိုင်း ဖြစ်သည်။ ဆဲလ်များ ကွဲပြားမှုနှင့် အတူ telomere တို့ကလည်း တိုလာတတ်ပါသည်။
Telomere တို့ သိသာစွာ တိုလာလေ၊ အိုမင်းခြင်း ဖြစ်စဉ် aging process တို့ပီပြင်စွာ ဖြစ်လာပြီး
လူအိုပုံစံ ဆောင် ကြဉ်းပေးတတ် ပါသည်။ နုပျိုသူ၊ အရွယ်တင် သူတို့မှာ သူတို့၏ DNA telomere
တို့မှာ ရှည်သော telomere ပိုင်ဆိုင် နေကြကြောင်းနှင့် ယင်းသည် အသက်ရှည်မှုကို ဆက်လက်
ထိန်း သိမ်းထား နိုင်ကြောင်း ယူဆ ကြပါသည်။
2/22/2012
မြန်မာလို IT နည်းပညာ Ebook အမြောက်အများ ဒေါင်းလိုပါက .....
WYTU MYANMAR ၏ Features အသစ်တခုအနေနဲ့အိုင်တီဆိုင်ရာစာအုပ်တွေ
ကိုအများလေ့လာစေနိုင်ရန် Share to Share စနစ်ဖြင့် Free ပေးသွားပါမည်။
စာအုပ်များကိုအင်တာနက်ပေါ်မှာသော်၎င်း၊လှူဒါန်းသူများမှသော်၎င်းတင်ပေးထား
ပါသည်။အဖွဲ့ ရဲ့ နာမည်ကတော့ IT Learning E books ဖြစ်ပါတယ်။စာအုပ်များကို
လဲလာရောက်လှူဒါန်းနိုင်ပါတယ်။စာအုပ်များတောင်းလိုပါက
admin@wytumyanmar.com, shwe.young.lin@wytumyanmar.com နှင့် pyittinehtoun@gmail.com သို့ တောင်းဆိုနိုင်ပါတယ်...
( ကြော်ငြာသလို ဖြစ်သွားရင်လည်း တောင်းပန်တယ် .. ကျွန်တော်တို့လည်း ပိုက်ဆံမရပါဘူး .. လူများများသိတော့ များများပြန်ဖြန့်ဝေရအောင်လို့ပါခင်ဗျာ ... အောက်က စာအုပ်တွေက www.wytumyanmar.com မှာ Member ၀င်မှရမှာပါ .. ဘလော့အားလုံးကို ရွှေ့ပြောင်းတင်ဖို့ မလွယ်လို့ပါ .. နားလည်ပေးပါ )
2/18/2012
တက်ဘလက်(TABLET) ၀ယ်မယ်ဆိုရင်

ကျွန်တော်လည်း ဒီရက်ပိုင်း စာမရေး ဖြစ်သေးလို့ပါ .. အခုနောက်ပိုင်း ခေတ်စားနေတဲ့ Tablet နဲ့ပါတ်သတ်တဲ့ ပို့စ်လေး တစ်ပို့ ပြန်ရှယ်ပေးလိုက်ပါတယ် .. အားလုံးအတွက် အသုံးဝင်မယ် ထင်ပါတယ် ..
ဒီနှစ်ကိုတော့ touchscreen tablet နှစ်လို့ ပြောရတော့ မယ်ထင်တယ်။ လူတိုင်းအကြိုက်ကို ဖြည့်ဆည်းပေး နိုင်အောင် function တွေ တစ်မျိုးပြီးတစ်မျိုး တိုးလာတာကြောင့်လည်း တက်ဘလက်ခေတ်ကို ရောက်ပြီလို့ ပြောနိုင်တာပေါ့။
iPad ဆိုတာက tablet လောကမှာ ရှေ့ဆောင်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပိုင်း ကုမ္ပဏီ အတော်များများ tablet လိုင်းကို ပြောင်းလာကြတယ်။ တစ်ယောက်တစ်မျိုး tablet လိုင်းကို တိုးလာကြပေမယ့် မူလဆရာကြီးဖြစ်နေတဲ့ iPad ရဲ့ သဘောတရားတွေကိုတော့ ဖောက်ထွက်ကျော်လွန်နိုင်စွမ်း မရှိသေးပါဘူး။
ပါဝင်မှုတွေကို ပြောရတာ နည်းပညာအကြောင်း သိပ်မရင်းနှီးသူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဥပမာ Android 3.0 လို့ပြောရင် tablet ထဲမှာ run ထားတဲ့ operating system (OS) ကိုပြောတာ။ ခုချိန်မှာ version 3.0 လောက်ကိုသုံးထားရင် မြင့်နေပြီ။ CPU လို့ပြောရင် သုံးထားတဲ့ ပရိုဆက်ဆာကို ပြောတာ။ Dual-core ဆိုရင် အတော်လေး မြင့်တာကို သုံးထားတယ်လို့ ပြောနိုင်တယ်။
အရွယ်အစားမြင်ကွင်းကိုတော့ 10.1-inch စတာတွေနဲ့ပြောတယ်။ Resolution ကို 1280 x 800 စသဖြင့်ပြောတယ်။ များလေကောင်းလေပဲ။ Card reader ပါတယ်ဆိုရင် ဒေတာတွေ သိုလှောင်နိုင်မှုများများလုပ်နိုင်မယ်။ HDMI ပါတယ်ဆိုရင် ကွန်ပျူတာ၊ တီဗွီတွေနဲ့ ချိတ်ဆက်ကြည့်နိုင်မယ်။ Rear-facing နဲ့ front-facing ကင်မရာ တွေဆိုတာက tablet မှာပါတဲ့ ကင်မရာတွေ ရှေ့နဲ့ နောက်နှစ်မျိုးစလုံး ပါတယ်လို့ ပြောတာပါ။ အလေးချိန်တွေကိုတော့ 599g စသဖြင့် ဖော်ပြပါတယ်။ 3G ရတယ်ဆိုရင် အင်တာနက်အတွက် အသုံးပြုရတာ အဆင်ပြေလိမ့်မယ်။
2/15/2012
အိမ်သာမရှိတဲ့ ယောက်ျားကို ကျောခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဒေါ်လာ ၁ သောင်းဆုရ
အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် ကျေးရွာတစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိတဲ့အတွက်၊အိမ်သာ ဆောက်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့တာကြောင့် ယခုနှစ်မှာ သူရဲကောင်းဆု ချီးမြှင့်ခံရပါတယ်။
Anita Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်က မေလမှာ လက်ထပ်ခဲ့ပြီး၊ နှစ်ရက်အကြာမှာ သူ့ယောက်ျား Shivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါတယ်။ အကြောင်းကတော့ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိလို့ပါ။
ပညာရှိ နဲ့ ပညာမဲ့
ပညာမဲ့က ငါကောင်းစားဖို့ ဒါန ပြုတယ်။
ပညာရှိက သာသနာပူဇော်ဖို့ ဒါန ပြုတယ်။
ပညာမဲ့က ငရဲကျမှာကြောက်လို့ ငါးပါးသီလမြဲတယ်။
ပညာရှိက မမြဲသောခန္ဓာကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။
ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ် စောင့်တယ်။
ပညာရှိက တစ်နေ့တစ်ရက် တဏှာကျွန်အဖြစ်မှ ငြိမ်းချမ်းတဲ့သုခကို လို၍ ဥပုသ်စောင့်တယ်။
ပညာမဲ့က ငါတို့ဘုန်းကြီးမှ ဂစ္ဆာမိတယ်။
ပညာရှိက သံဃာအစစ်မှ ဂစ္ဆာမိတယ်။
ပညာမဲ့က ထုံးစံကို လေးစားတယ်။
ပညာရှိက မဂ်ဥာဏ်ဖိုဥာဏ်ကို လေးစားတယ်။
ပညာမဲ့က အများကောင်းရင်လိုက်ကောင်းတယ်။
ပညာရှိက အများကောင်းတိုင်းလိုက်မကောင်းပါ။
ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံတယ်။
ပညာရှိက နာမည်ကြီးတိုင်း လိုက်၍မယုံပါ။
ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။
ပညာရှိက သဘောမှန်ကို မြတ်နိုးတယ်။
ပညာမဲ့က ရွှေထူတဲ့ဘုရားမှ မြတ်နိုးတယ်။
ပညာရှိက ဘုရားနှစ်မျိုးမထားပဲ တစ်မျိုးတည်းထားတယ်။
ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။
ပညာရှိက သဘောမှန်ကို မြတ်နိုးတယ်။
ပညာမဲ့က ရွှေထူတဲ့ဘုရားမှ မြတ်နိုးတယ်။
ပညာရှိက ဘုရားနှစ်မျိုးမထားပဲ တစ်မျိုးတည်းထားတယ်။
ပညာမဲ့က ဘုရားရှာထွက်လေ့ရှိတယ်။
ပညာရှိက ဂုဏ်တော်ကိုးပါးကို အခွင့်ရတိုင်းပွားတယ်။
ပညာရှိ နဲ့ ပညာမဲ့ ခွဲခြားနည်းလေးပါ။ ဒီစာလေးကိုဖတ်ပြီးကိုယ့်စိတ်မှာဖြစ်နေတဲ့ စိတ်တွေနဲ့တိုက်ကြည့်ပါ။ စာဖတ်သူရော စာရေးသူရော ဒီစာလေးကိုဖတ်ပြီးတော့ အားမနာတမ်း ကိုယ့်ကိုကိုယ် ဝေဖန်လိုက်ပါ။
ပြီးရင်တော့ ပညာရှိဖြစ်အောင်ကျင့်ရမဲ့ အချက်တွေကိုလိုက်နာကျင့်ကြံရင်းဖြင့် ပညာရှိဖြစ်အောင် ကြိုစားနိုင်ကြပါစေလို့…။
REF ; mieinshin
2/14/2012
Q မည့်သူများနှင့် အQ ခံမည့်သူများ သတိ
အချိန်ကို ချက်ရွန်း ထဲမှာတော်တော် အသုံးပြုလာကြတယ် .... ကောင်းသော chat ခြင်း
ဟာပြသာနာ မရှိပေမယ့် Q တဲ့သူတွေကတော့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့
ဝင်လာကြပါတယ်။
တချို့က အချိန်အားနေလို့ တချို့ကရည်းစားရှာချင်လို့ တချို့ကလဲ
သူငယ်ချင်းလိုချင်လို့ စသဖြင့် ဦးတည်ချက် အမျိုးမျိုးနဲ့ပါပဲ။ ကောင်းသော
ရည်ရွယ်ချက်နဲ့ဆို ပြသာနာ မရှိပေမယ့် မကောင်းသော ရည်ရွယ်ချက်နဲ့ဆိုရင်
ပြသာနာ တစ်ခုမဟုတ်တစ်ခု ၀င်တတ်ပါတယ။်
အွန်လိုင်းပေါ်မှာ လိမ်တဲ့သူတွေ တော်တော်များပါတယ်။ မပါးမနပ်နဲ့ ဆိုရင်
သူတို့လက်ချက် မိသွားနိုင်ပါတယ်။ မိမိလိပ်စာနဲ့ ဖုန်းနံပါတ်တွေကို
အလွယ်တကူယုံပြီး မပေးသင့်ပါဘူး။ မိန်းကလေးတွေ အနေနဲ့လည်း မိမိဓာတ်ပုံကို
သူများကိုပြခြင်း ပြု ခြင်းကို သတိရှိသင့်ပါတယ်။
2/13/2012
အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်
Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်...
2/10/2012
Facebook အန္တရာယ်နှင့် လူမှုရေးပြဿနာ
“ခေတ်မှီသူတိုင်း Facebook သုံးကြသည်” ဟုပြောရမလိုပင်...။
ကျမမှာလည်း ယခင်ကFacebook Account တခုရှိခဲ့ဖူးသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျမ၏ Account ကို ဖျက်သိမ်းခဲ့တာ ကြာခဲ့လေပြီ။
ဒီနေ့ သူငယ်ချင်းများတွေ့ဆုံခိုက် Blog ပေါ်တွင် ဓာတ်ပုံများတင်လေ့ရှိသော ကျမအားသတိပေးသော အနေဖြင့် Forward Mail တခုမှ Video File လေးတခုကို ဖွင့်ပြခဲ့သည်။
http://www.youtube.com/watch?v=H5XZp-Uyjsg
အဲဒီ Video လေးကို ကြည့်ပြီး ကျမ ကိုယ်တိုင်ကြုံတွေ့ခဲ့သော အဖြစ်ပျက်လေးတခုကို ပြန်သတိရရင်း စိတ်မကောင်းဖြစ်ခဲ့ရသည်။

Video ထဲက ကောင်မလေး၏ အဖြစ်ပျက်လေးနှင့် တစိတ်တဒေသ ဆင်တူသော ကျမ၏ အဖြစ်ကတော့ ဓာတ်ပုံရိုက်ခြင်းကို ဝါသနာပါသော ကျမ၊ သွားလေရာတွင် ဓာတ်ပုံရိုက်လေ့ရှိပြီး Blog ပေါ်တွင် ဓာတ်ပုံများကို တင်လေ့ရှိသော ကျမကို ကြည်ဖြူသော သူများရှိသလို ၊ မကြည်ဖြူသူများလည်းရှိသည်ကို ပြဿနာဖြစ်မှ ကျမသိခဲ့ရသည်။ ကျမ အသိနောက်ကျခဲ့သည်ဟု ဆိုနိုင်ပါသည်။
အကြောင်းမှာ ကျမရေးသော ကဗျာနှင့် ဆောင်းပါးများတွင် ပူးတွဲတင်လေ့ရှိသော ကျမ၏ ဓာတ်ပုံတချို့ကို မောင်နှမသားချင်း ယှဉ်တွဲကြည့်၍ မသင့်တော်သော ဘလော့ဂ်တခုမှ ကျမ၏ ဓာတ်ပုံများကို ကူးယူပြီး ၎င်း၏ ဘလော့ဂ်တွင် တင်ခဲ့သည်ကို သူများပြောပြမှ သိခဲ့ရသည်။ အဲဒီတုန်းက ကျမ၏ ချစ်သူနှင့် ဘလော့ဂ်ဂါ မိတ်ဆွေများ၏ မေတ္တာရပ်ခံချက်ကြောင့် ကျမ၏ ဓာတ်ပုံများကို ပြန်ဖျက်ပေးခဲ့သည်။
ဒုတိယအကြိမ်မှာတော့ ကျမ ကိုယ်တိုင် သရုပ်ဆောင်ထားသော အပျော်တန်း Video တချို့မှ လှုပ်ရှားမှု ပုံအရှင်များကို Still ဖမ်းပြီး ရုပ်သေဓာတ်ပုံများအဖြစ်ပြောင်းလဲကာ ၎င်း၏ ဘလော့ဂ်တွင် တင်ခဲ့သဖြင့် ကျမအရှက်ရခဲ့ဖူးသည်။
အန္တရာယ်ကို လက်ယပ်ခေါ်ခဲ့သော ကျမ အဲဒီအချိန်မှ စ၍ ဘလော့ဂ် စာမျက်နှာပေါ်တွင် ဓာတ်ပုံများ တင်ခြင်းကို ရပ်တန့်ခဲ့သည်။ “ဘယ်သူမပြု..မိမိမှု”ပေပဲ မဟုတ်ပါလား။
ကျမ၏ ကိုယ်တွေ့ဖြစ်ရပ်နှင့် ယခုကြည့်ခဲ့ရသော Video ထဲမှ ဖြစ်ရပ်မျိုး အပြင်တွင် ဘယ်လောက်များတောင် ရှိမည်လဲဟု ကျမတွေးမိသည်။
လူငယ်အများစုသည် Facebookတွင် Account တခုဖွင့်၍ ဓာတ်ပုံတင်ခြင်း၊ Chatting ထိုင်ခြင်း၊ သူငယ်ချင်းများ Account Add ၍ Game ကစားနည်းမျိုးစုံ ကစားကြခြင်းများကို ခေတ်၏ ရေစီးကြောင်းအလိုက် ပြုလုပ်လာကြသည်။
ထိုမှတဆင့် မိမိAccountအား လာAdd သူ၊ မိမိမသိသော သူများကိုပါ လက်ခံ၍ Friend List အရည်အတွက်များလာသော နည်းဖြင့် တယောက်နှင့် တယောက်ပြိုင်ဆိုင်လာကြသည်။
ထို့နောက် ဓာတ်ပုံများတွင်သော်၎င်း၊ စာတိုစာထွာများ၏ အောက်ခြေတွင်သော်၎င်း၊ ကဗျာများ၏ အောက်ခြေတွင်သော်၎င်း၊အပြန်အလှန် Comment များ ရေးသားခြင်းဖြင့် အချင်းချင်း ရင်းနှီးမှုရယူကြသည်။ Facebook ကို အသုံးပြုပြီး မိတ်ဆွေ သူငယ်ချင်း အချင်းချင်း ရိုးသားစွာ စကြ၊ နောက်ကြသည်ကို ကျမဆိုလိုခြင်းမဟုတ်ပါ။

ငါးရှာထွက်သူများ(သို့)ငါးမျှားသော သူများကိုသာ ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ ငါးမျှားရင်း ငါးလုရာမှ ပြိုင်ဘက်အချင်းချင်း Account Add ၍ ရန်ဖြစ်ကြသည်။ ရည်းစားလုခြင်း ပြဿနာဖြစ်လာသည်။
Facebook ကြောင့် တချို့သော လင်မယားများ၊ ချစ်သူစုံတွဲများ ကွဲကြသည်၊ သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းကွဲကြသည်။ သဝန်တိုရာမှအစ လူသတ်မှုကျူးလွန်သည်အထိ ဖြစ်လာသည်။ Facebook မှာ တင်ထားတဲ့ ဓာတ်ပုံများကြောင့် သူ့မယား ကိုယ့်မယား ကြာခိုမှုမှားဖြစ်လာကြသည်၊ သူ့ချစ်သူ ကိုယ်ချစ်သူ မြှူဆွယ်မှုများဖြစ်လာကြသည်။ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း Facebook မှတဆင့် Data များခိုးယူခြင်း၊ Personal File များမှတဆင့် လျှို့ဝှက်ချက်များရယူ၍ စီးပွားရေးနယ်ပယ်တွင် နှောက်ယှက် အန္တရာယ်ပြုလာသည်။
တချို့ကတော့ Facebook ထဲတွင် သူငယ်ချင်း အသစ်ရှာရင်း ကြာမြင့်စွာ ကွဲကွာခဲ့သော သူငယ်ချင်း၊မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ကြရသည်။ တချို့လည်း Facebook ထဲတွင် ချစ်သူဖြစ်၍ လက်ထပ်သွားသူများလည်းရှိသည်၊ Facebook ထဲတွင် အလုပ်ရှာရင်း အလုပ်ရသွားသူများလည်းရှိသည်။
Facebook၏ ကောင်းသော အချက်များစွာ ရှိပါသော်လည်း အန္တရာယ်များလှသော Facebook ကို အသုံးပြုလျှက်ရှိသော ဘလော့ဂ်ကာ သူငယ်ချင်းများနှင့် စာဖတ်သူများအားလုံးကို သတိပေးချင်သော ရည်ရွယ်ချက်မှလွဲ၍ မည်သည့်ရည်ရွယ်ချက်မှ ကျမတွင်မရှိ။
Facebook Account ရှိသော သူငယ်ချင်း မိတ်ဆွေများအနေဖြင့် မိမိတို့၏ Account Setting တွင် “Everyone” ဟု ထားရှိမည့်အစား အနည်းဆုံး “Friends of friends” ဟုထားသင့်ပေသည်။ မိမိမသိသော သူများကို လွယ်လင့်တကူ လက်မခံသင့်ကြောင်း သတိပေးချင်ပါသည်။
အမျိုးသမီးများ အနေဖြင့် မိမိတို့၏ Account Setting တွင် “Friend only” ကိုသာ ရွေးသင့်ကြောင်း အကြံပေးရင်း ...
“Facebook အန္တရာယ်နှင့် လူမှုရေးပြဿနာ” ဆောင်းပါးကို တင်ပြလိုက်ရပါသည်။

REF ; (အဖြူရောင်နတ်သမီး)
2/06/2012
PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း
PC ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့အတွက် အကြောင်း နှစ်ချက်အပေါ် မူတည် စဉ်းစားပါတယ်။
၁။ ဘာအတွက် သုံးစွဲမှာလဲ ? ၂။ ငွေဘယ်လောက် အကုန်ခံမလဲ ?
မိမိအသုံးပြုလိုတဲ့ ကွန်ပျူတာအမျိုးအစားပေါ် မူတည်ပြီး တပ်ဆင်မည့် Hardware တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ (ဥပမာ - ဗီဒီယို လုပ်ငန်းအတွက် အသုံးပြုမယ်ဆိုရင် Graphic ပိုင်းကို ဦးစားပေးပြီး၊ သူနဲ့ လိုက်ဖက်မည့် RAM, CPU တို့ကို ရွေးချယ်ရပါတယ်။) တပ်ဆင်ထားတဲ့ Hardware များက အသုံးပြုမည့် Software များရဲ့ လိုအပ်ချက်ထက် သာလွန်နေမှသာ အဆင်ပြေပါလိမ့်မယ်။ Game တစ်ခု ဆော့မယ် ဆိုပါစို့။ အဲဒီဂိမ်းအတွက် 3.0GHz CPU, 2Gb RAM နဲ့ 256Mb VGA တို့ အနည်းဆုံး လိုအပ်တယ်လို့ တောင်းဆိုခဲ့ရင် သူ့ထက် ပိုသာတဲ့ Hardware မိမိမှာ ရှိထားမှသာ အသုံးပြုရ အဆင်ပြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းကို ကစားနေစဉ်အတွင်းမှာ အခြား အသုံးပြုမှု အားလုံး ပိတ်ထားခဲ့မယ်ဆိုရင်တောင် OS တစ်ခုနဲ့ Anti-Virus ကဲ့သို့သော software များကို တစ်ပြိုင်တည်း အသုံးပြုနေရဦးမှာ ဖြစ်လို့ပါပဲ။ Hardware ကို တိုးမြှင့်သုံးစွဲသည်နှင့်အမျှ အသုံးပြုရသော ငွေလည်း များပြားလာမှာပါ။ အဲဒီအတွက် မိမိသုံးချင်သလောက်နဲ့ ငွေသုံးနိုင်သလောက်ကို မျှတအောင် ချင့်ချိန် ရွေးချယ်ရမှာဖြစ်ပါတယ်။

2/05/2012
Online Photo Editing Websites
အွန်လိုင်းမှာ Photos တွေကို Funny အနေနဲ့ ပြုလုပ်ချင်သူများအတွက် လင့်ခ်လေးများကို သိသလောက် မျှဝေလိုက်ပါတယ်..။ လုပ်နည်းတွေကတော့ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ပါ..။ တော်တော်များများ အသုံးပြုရတာ အဆင်ပြေပါတယ်..။
1. BeFunky
2.FunPhotoBox
3.PhotoFunia
4.Photo 505
5.Cameroid
6.Loonapix
7.Photofunia
8.Dumpr
9.WriteOnIt
10.MagMyPic
11.Hollywood Hair Virtual Makeover
12.Hairmixer
13.BigHugeLabs Flickr
14.FaceInHole
15.Personalized money
16.Fake Magazine Cover
17.My Heritage Face Recognition
18.Poladroid – The easiest and funiest polaroid maker
19.FotoTrix – Image Generator
20. Picnik
21. JpgFun
22.Dynamic Einstein picture
23. Photovisi
24. PixiSnap
25. Fotocrib
26.Create Your Own Wired Cover
27. Pizap
28.Blingee
29. Imagic Photo Enhancer
source : မနောသား
Subscribe to:
Posts (Atom)