Pages

Showing posts with label ရှမ်းအစားအစာ. Show all posts
Showing posts with label ရှမ်းအစားအစာ. Show all posts

3/10/2012

ရှမ်းထမင်းချဉ်


ရှမ်းထမင်းချဉ်



ဒီတခါ ထမင်းရော၊ အသားရော၊ ဟင်းသီးဟင်းရွက်ပါ ပါတဲ့ ရှမ်းထမင်းချဉ်

လုပ်စားရအောင်။

လိုအပ်တာတွေကတော့

ငါး

ခရမ်းချဉ်သီး

ငရုပ်ဆီ

ငရုပ်သီးအခြောက်တောင့်

ကြက်သွန်ဖြူ ဆီချက်

ငံပြာရည်

နံနံပင်

သံပုရာသီး

Knorr ကြက်သားအမှုန့် (သို့) Knorr ကြက်သား အတုံး

ထမင်းဖြူ တို့ဖြစ်ပါတယ်။  

2/25/2012

ခေါပုတ်လုပ်စားရအောင် !!!






ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ကိုယ်တိုင်အလွယ်တကူလုပ်စားလို့ရနိုင်တဲ့
ရှမ်းအစားအစာထဲက တစ်မျိုးဖြစ်တဲ့ ခေါပုတ်လုပ်နည်းလေးကို မျှဝေပါရစေနော်။
ခေါပုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းအမယ်ကလည်း မများပါဘူး။
ကောက်ညှင်းအဖြူ၊ ကောက်ညှင်းငချိတ်၊ ဆီ၊ နှမ်း၊ ဆားတို့ပါ။
ခေါပုတ်အဖြူကြိုက်ရင် ကောက်ညှင်းဆန်အဖြူကိုသုံးရမှာဖြစ်ပြီး
ခပ်ပျော့ပျော့အိအိမွှေးမွှေးလေးကို ကြိုက်တယ် ဆိုရင်တော့
ကောက်ညှင်းငချိတ်ကို သုံးရပါမယ်နော်။ ကောက်ညှင်းဆန်ကို သန့်စင်အောင်
ရေဆေးပြီး အပေါ်ကနေ ရေလက်တစ်ဆစ်လောက်ထည့်ပြီး rice cooker နဲ့ ချက်ပါ။
ကောက်ညှင်းကို ကျက်အောင်ချက်ပြီးတဲ့အခါမှာတော့
အဲ့ဒီကောက်ညှင်းပူပူနွေးနွေးလေးတွေကို သစ်သားငရုတ်ဆုံနဲ့ အထက်အောက်
ညီညီမျှမျှ ညက်အောင် ထောင်းပေးပါ။ ငရုတ်ဆုံမရှိခဲ့ရင်
ကြိတ်စက်နဲ့ကြိတ်ပေးပါနော်။ ထောင်းလို့ညက်ပြီးသား ကောက်ညှင်းတွေကို
ဗန်းထဲမှာ ညီအောင်ထည့်တဲ့အခါမှာ ကောက်ညှင်းတွေ လက်မှာနဲ့ ဗန်းမှာ
ကပ်မနေရအောင် ဗန်းကိုလည်း နှမ်းဆီလေးသုပ်ပေးရသလို လက်မှာလည်း
နှမ်းဆီလေးဆွတ်ပြီး ကိုင်ရင် ပိုအဆင်ပြေပါတယ်နော်။

ရှမ်းခေါက်ဆွဲ


ပါဝင်သောပစ္စည်းများ
၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၂။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
၃။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
၎။ ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ)
၅။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
၇။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ငရုတ်သီးမှုန့်  – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ မြေပဲလှော် – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
၁၀။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၁။ ရှမ်းခေါက်ဆွဲခေါက် – ၁ထုပ်

တို့ဟူးသုပ်လေး လုပ်စားကြအောင်!!!



တို့ဟူးသုပ်လေးကို ချဉ်ငံ့စပ်လေး သုပ်ထားပါတယ်။ တို့ဟူး အိမ်မှာပါ ကျိုလို့ ရအောင်ပါ တို့ဟူးကျိုနည်းပါ တင်ပြလိုက်ပါတယ်။ ဒီတို့ဟူးကျိုနည်းလေးကိုတော့ ၀တ်ရည်အမွှာညီမ ၀တ်မှုံဆီက သိတာပါ။ အိမ်မှာ လုပ်စားသဖြင့် ၂၀၀ကျပ်ဖြင့် တစ်အိမ်လုံး သန့်ရှင်းလတ်ဆတ်စွာ စားသုံး နိုင်ပါတယ်။ တို့ဟူးကျိုချိန်ကလည်း ၂မိနစ်လောက်သာ ကြာ၍ အချိန်တိုအတွင်း လုပ်စားပါတယ်။ အိမ်မှာ လုပ်စားကြည့်မှ အရမ်းလွယ်ကူတာ တွေ့ရ၍ ပြန်မျှဝေပေးလိုက်ပါတယ်..

တို့ဟူးကျိုရန် ပါဝင်သောပစ္စည်းများ
၁။ ကုလားပဲ အစိမ်းမှုန့် – ၁ထုပ် (၁၅၀ ဂရမ်)
၂။ ရေအေး – ၆၀၀ မီလီလီတာ (ml) (သို့) လက်ဖက်ရည်ပန်းကန်လုံး ရခွက်
၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၎။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

2/12/2012

Nam Pid Aung





Nam Pid Aung is a dish that originates from Shan, a Thai ethnic group that lives in northern Thailand and Myanmar. Aung means to fry in the Shan dialect, and the dish makes use of pork and tomatoes, both staples of Shan cooking. Nam Pid Aung is now eaten among all northern Thais, regardless of ethnicity.

Chili Paste
-7 large dried chilies, soaked in warm water until soft
-3 peeled shallots
-1 head of garlic, peeled
-2 tablespoons chopped lemongrass (using only lower white part)
-2 tablespoons of shrimp paste
-1 teaspoon salt

-1 cup halved cherry tomatoes
-2 large cloves of garlic, chopped

-1/2 cup ground pork
-3 tablespoons vegetable oil
-1 tablespoon chopped cilantro

Fresh, crispy vegetables such as cucumber, long beans, wing beans, cabbage, sliced or chopped into bite-size pieces

 Pork rinds
Using a mortar and pestle or food processor, blend curry paste ingredients together finely.

With the mortar and pestle, mash the tomatoes into the curry paste.

Heat oil in a wok over low heat. Add chopped garlic and fry until crispy. Add curry paste and tomato mixture and fry, constantly stirring, until the mixture begins to become fragrant, and oil begins to rise and accumulate, 5 to 10 minutes. Add pork and continue to stir until pork is fully cooked and the oil again begins to rise. If mixture seems dry at any point, add water, 1/4 cup at a time. Nam Pid Aung should have the consistency and appearance of a thick, oily spaghetti sauce.

Serve in a bowl, sprinkled with cilantro, and serve with fresh vegetables, pork rinds, and sticky rice.


 Refer ;

2/09/2012

ရှမ်းမလေးရဲ့ မုန်ညင်းချဉ်..

     ရှမ်းမလေးရဲ့မုန်ညင်းချဉ်တည်နည်းကိုသိချင်ကြတဲ့သူများသိရအောင်ဗဟုသုတအဖြစ် ဖော်ပြလိုက်ရ့ပါတယ်။
  တစ်ဦးနဲ့တစ်ဦး တည်ပုံတည်နည်း အနည်းငယ်တော့ ကွဲပြားနိုင်ပါတယ်။ အခုနည်းက ရက်ကြာကြာ     ထားလို့ရတဲ့ မုန်ညင်းချဉ် တည်နည်း ဖြစ်ပါတယ်။



ဒီလို မုန်ညင်းချဉ်လေးဖြစ်လာဖို့ အဓိက လိုအပ်တဲ့ အဆာပလာများကို အောက်မှာ ဖော်ပြပါမယ်နော်။


ဂျူးမြစ်သုပ်


ဒီတစ်ပတ် ဟင်းလျာကိုတော့ ဂျူးမြစ်ကိုရှမ်းသုပ်လိုအရသာမျိုးဖြစ်အောင်သုပ်မှာပါ။ ဂျူးမြစ်သုပ်ဆိုပေမယ့် ဂျူးမြစ်နဲ့အတူ မုန်ညင်းရွက်တွေကိုလည်း
ထည့်ပါမယ်။ ရှမ်းနံ့လေးသင်းသွားအောင် ပဲပုပ်ပြားလေးတွေလည်းထည့်ထားတဲ့ ရှမ်းအစားအစာအရသာအပြည့်အ၀ရစေမယ့် အသုပ်တစ်မျိုးပါပဲ။
ဂျူးမြစ်သုပ်အတွက် အသုပ်တစ်ပွဲစာ ဂျူးမြစ်အနည်းငယ်၊ မုန်ညင်းစိမ်း အနည်းငယ်၊ ပဲပုပ်ပြားတစ်ပြားနဲ့နှမ်းလှော်နဲ့သံပရာသီးတို့ပဲလိုပါတယ်။
မုန်ညင်းစိမ်းကိုတော့နူးအောင်ဆယ်မိနစ်လောက်ပြုတ်ပါ။  ဂျူးမြစ်ကတော့ ရေနွေးဖြောရုံပဲလိုပါတယ်။ နောက်တစ်ခုကတော့ ပဲပုပ်ပြား နှစ်ပြားလောက်ကိုလည်း မီးကင်ပါ။
ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို ညက်အောင်ထောင်းပြီးကင်ပြီးသားပဲပုပ်ကိုပါရောထည့်ထောင်းပါမယ်။  ပဲပုပ်ထောင်းပြီးသွားပြီဆိုရင်တော့
အမယ်အားလုံးကိုရောထည့်ပြီး အရသာအတွက်ငံပြာရည်နဲ့ ကြက်သားမှုန့်အနည်းငယ်ထည့်ကာသံပရာရည်ညှစ်ပြီး နယ်ဖတ်ကာ သုံးဆောင်နိုင်ပါတယ်။ ဒါဆိုရင်တော့
ဆီလည်းမပါ၊ အသီးအရွက်တွေပဲသီးသန့်သုပ်ထားတဲ့ ဒီဂျူးမြစ်သုပ်က ကျန်းမာရေးနဲ့ညီစေသလို တိုင်းရင်းသားလက်သုပ်စာတစ်မျိုးအဖြစ် မြည်းစမ်းနိုင်ကြမှာဖြစ်ပါတယ်။

REF ;  ၀ိုက်ဖီ(7dayNews)

ပဲပုပ်ဘာလချောင်ကြော်





         ရှမ်းစာကြိုက်သူတွေအတွက်ကတော့ ပဲပုပ်ကို ဘယ်လိုပဲလုပ်လုပ် အရသာတွေ့ကြတာပါ။ အခုလည်း ပဲပုပ်ကို မြေပဲဘာလချောင်ကြော်တို့လို၊ပဲငါးပိဘာလချောင်ကြော်တို့လိုကြော်ထားပါတယ်။


         ပဲပုပ်ဘာလချောင်ကြော်ဖို့ ပဲပုပ်ပြားအထုပ်သေးတစ်ထုပ်၊ ငရုတ်သီးခွဲခြမ်းနဲ့ ကြက်သွန်ဖြူနီတို့ပဲလိုပါတယ်။ပဲပုပ်ဘာလချောင်ကြော်ဖို့ပဲပုပ်ပြားတွေကိုအနေတော်       အစိတ်လေးတွေဖြစ်အောင်လှီးဖြတ်ပြီးကြော်ထားရပါမယ်။

         ကြက်သွန်ဖြူနီကိုလည်း ပါးပါးလှီးပြီးကြော်ထားပါ။ အဲဒီကြက်သွန် ဖြူနီကြော်တဲ့ဆီနဲ့ပဲ ငရုတ်သီးခွဲခြမ်းကို ထည့်ကြော်ပါမယ်။ ပြီးရင်ဆားနဲ့ကြက်သားမှုန့်ထည့်ပြီးမွှေပါ။

         နောက်ဆုံးကျမှ ခုနကြော်ထားတဲ့ ပဲပုပ်ကြော်နဲ့ ကြက်သွန်ဖြူနီကြော်ထားတာတွေကိုရောမွှေလိုက်ပြီး မီးဖိုပေါ်ကနေချလို့ရပါပြီ။ ဒါဆိုရင်ရှမ်းစာကြိုက်သူတွေအတွက် ပုံမှန်ဘာလချောင်ကြော်တွေနဲ့ အနံ့အရသာမတူတဲ့ ပဲပုပ်ဘာလချောင်ကြော်ကို သုံးဆောင်နိုင်ပြီပေါ့။

REF :  ၀ိုက်ဖီ(7dayNews)