Pages

2/10/2012

ကျားတွေကို ထိန်းသိမ်းကြပါ






လူအများပြောကြတာက ကျားဟာ ကမ္ဘာမြေပေါ်မှာအလှဆုံးသတ္တ၀ါဖြစ်ပါ တယ်။ သူဟာကြောင်အကြီးစားကြီးဖြစ် ပြီး သုံးမီတာထက်တောင် ပိုရှည်နိုင်ပါ တယ်။ သူဟာအင်အားကြီးတဲ့ သတ္တ၀ါ လည်းဖြစ်ပါတယ်။ လှုပ်ရှားတက်ကြွမှု အပြည့်ရှိတယ်။ ကျားဟာအထူးပါဝါ အင်အားရှိတယ်လို့အာရှတိုက်ကလူတွေ အထင်ရှိပါတယ်။ တရုတ်ပြည်ကလူတွေ အယူရှိတာက ကျားရုပ်ဟာ ကလေးတွေ ကိုအားရှိအောင်၊ ကောင်းမွန်အောင်ကူ ညီနိုင်တယ်လို့ အာရှနိုင်ငံကလူတွေယုံ ကြည်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကလေးတွေကို ကျားရုပ်ပါတဲ့ဦးထုပ်တွေ ဆောင်းပေးပါတယ်။ ၁၉၈၈ ခုမှာဆိုရင် တောင်ကိုရီးယားရဲ့မြို့တော် ဆိုးလ်မှာ အိုလံပစ်ပွဲတော်ရဲ့ သင်္ကေတဟာကျား ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းကျော် က ကျားဟာ ပထမဆုံးတရုတ်ပြည်မှာ တွေ့ရပါတယ်။ အဲဒီကမှ သူတို့ဟာဆိုက် ဗေးရီးယားမြောက်ဖက်ကိုသွားကြပါတယ်။ ထို့နောက် အနောက်ဘက်ဖြစ်တဲ့ တူရကီ အရှေ့ဘက်ကို သွားတယ်။တချို့ကတော့ တောင်ဘက်ကို သွားကြတယ်။ အိန်္ဒိယ နဲ့ မြန်မာကိုဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်းတွေဖြစ်တဲ့ စူမတြား၊ ဂျာဗားနဲ့ဘာ လီတို့ဖြစ်ပါတယ်။
တိုင်းပြည်တစ်ပြည်မှာ ကျားဘယ် နှစ်ကောင်နေကြတယ်ဆိုတာသိဖို့မလွယ် ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ ဟာတောထဲမှာနေကြပြီး အထူးသဖြင့် လူတွေနားကို မသွားကြပါဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာကဆိုရင်ကျားတွေဘယ်လောက် ရှိမှန်းဘယ်သူမှ မသိဘူး။ ဖြစ်နိုင်တာက တော့ ကမ်္ဘာပေါ်မှာကျားပေါင်းတစ်သိန်း လောက် ရှိနိုင်ပါတယ်။
ဒီကနေ့မှာတော့ ကမ္ဘာပေါ်မှာ ကျားပေါင်း ၆,၀၀၀ လောက်ပဲရှိပါတော့ တယ်။ ၄,၀၀၀ ကတော့ အိန်္ဒိယမှာ၊ ကျန် တာကတော့ ဆိုက်ဘေးရီးယား၊စူမတြား၊  တရုတ်နဲ့ တခြားနိုင်ငံများမှာဖြစ်ပါတယ်။ ကျားမျိုးကွဲပေါင်း ၈ မျိုးရှိပါတယ်။ သုံး မျိုးကတော့ ဘာလီ၊ ဂျာဗန်းနဲ့ ကက်စ်ပီ ယံတို့ဖြစ်တယ်။ အဲဒါတွေက အခုကမ္ဘာ မြေ မှာ မရှိတော့ဘူး။ ကျားရိုင်းမျိုးတွေ ဟာကမ္ဘာမြေက အမြန်ဆုံးပျောက်ကွယ် ကုန်လိမ့်မလား။
ဘာကြောင့်များကျားအရေအတွက် ကမ္ဘာပေါ်မှာလျော့နည်းကုန်သလဲ။ အဲ ဒါအတွက်အကြောင်းပြချက်တချို့ရှိပါ တယ်။ နှစ်တိုင်းလိုလိုတချို့ကျားတွေဟာ မီးထဲမှာသေကုန်ကြတယ်။ ရေကြီးလို့နဲ့ တချို့ကျားတွေဟာသဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်ပါတယ်။ လူတွေဟာအိမ် ဆောက်ဖို့ဖြစ်စေ၊ သီးနှံတွေစိုက်ဖို့ဖြစ်စေ ကျားတွေနေတဲ့တောကို ဖျက်ဆီးလို့ဖြစ် ပါတယ်။ နိုင်ငံတော်တော်များများမှာ ကျားတွေနေတဲ့နေရာကို လူတွေသန်းနဲ့ ချီပြီး နေနေကြပါတယ်။ နှစ်တိုင်းလူဦးရေ ကများလာတဲ့အတွက် နေရာတွေလည်း ပိုလိုအပ်လာပါတယ်။
အဆိုးဆုံးပြဿနာကတော့လူတွေ ဟာ ကျားတွေကို သတ်လို့ပါပဲ။ တစ်ခါ တစ်ရံလူတွေဟာ ကျားတွေကို အမဲလိုက် ဖမ်းကြပါတယ်။ ဘာကြောင့်လည်းဆို တော့ လူတွေဟာ သူတို့ရဲ့အရေခွံကိုနံရံ မှာ ချိတ်ဖို့၊ ကြမ်းမှာခင်းဖို့နဲ့ ကုတ်အင်္ကျီ ၀တ်ဖို့ဖြစ်ပါတယ်။ နောက်အကြောင်းပြ ချက်တစ်ခုကတော့ ကျားတွေဟာတစ်ခါ တစ်ရံ ရွာထဲကိုလာပြီးအစာအတွက် တိရစ္ဆာန်တွေကိုသတ်တယ်။ ဒါကြောင့် ရွာထဲကလူတွေက သူတို့တိရစ္ဆာန်တွေကို ကာကွယ်တဲ့အနေနဲ့ကျားတွေကိုသတ်တာ ဖြစ်တယ်။ နောက်အကြောင်းပြချက်တစ် ခုကြောင့် ကျားတွေသေရတာကတော့ လူတွေက သူတို့အရိုးတွေကိုဆေးအဖြစ် သုံးချင်လို့ ဖြစ်တယ်။ လူတွေ ယုံကြည် တာက သူတို့ဆေးအဖြစ် သုံးရင် ကျားလို ကောင်းမယ် အားရှိမယ်ပေါ့၊ ကျားရဲ့ ဆေးဟာ တရုတ်ပြည်မှာ အလွန်ကျော် ကြားပါတယ်။ ထိုင်ဝမ်နဲ့ တောင်ကိုရီး ယားနဲ့ ကမ္ဘာပေါ်ရဲ့ တရုတ်တွေနေတဲ့ နေရာမှာ ဖြစ်ပါတယ်။
အိန်္ဒိယနိုင်ငံက ကျားတွေကို သေ နတ်နဲ့ ပစ်တာကို တားမြစ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ နိုင်ငံမှာ ကျားတွေကို ရေ တွက်လိုက်တဲ့အခါမှာ ကြောက်ခမန်းလိ လိ အံ့သြလောက်တဲ့ ဖြေထွက်လာပါ တယ်။ ၁၉၀၀ ပြည့်မှာ အိန်္ဒိယမှာ ကျား ၄၀၀၀၀၊ ၁၉၇၂ ခုမှာ ၂၀၀၀ ထက် တောင် လျော့နည်းသွားပြီ။
ကျားတွေကို ကယ်တင်နိုင်မလား။ အချိန်ကတော့ သိပ်မရှိတော့ဘူး။ အကယ်၍ ကျွန်ုပ်တို့ကယ်တင်ချင်တယ် ဆိုရင် လုပ်စရာတွေက အများကြီးရှိပါ တယ်။
တချို့နိုင်ငံတွေမှာတော့အစိုးရတွေ ကကျားရိုးတွေနဲ့ဆေးတွေကိုရောင်းချခြင်း ကို ဥပဒေနဲ့ တားမြစ်ပါတယ်။ ကျားတွေ ကိုအမဲလိုက်ခြင်းလည်းတားမြစ်ပါတယ်။ တချို့နေရာတွေမှာ ဥပဒေကိုချိုးဖောက် ကြတာပါပဲ။ ကျွန်ုပ်တို့ဟာ အတွေးအ ခေါ်သစ်တွေနဲ့ ကျားတွေကို ကာကွယ် ပေးဖို့လိုအပ်ပါတယ်။
မြန်မာပြည်မြောက်ပိုင်းကချင်ပြည် နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ သစ်တော တွေပြုန်းတဲ့အတွက် ကျားအကောင်ရေ တွေလည်း နည်းပါးလာတယ်။ အခုအခါ မှာ ဟူးကောင်းတောတွေမရှိတော့ဘူးလို့ Eco Dev မှ မန်နေဂျာဒါရိုက်တာ ဦးဝင်း မျိုးသူကပြောပါတယ်။ သစ်တောတွေ ပြုန်းတာရယ်။ အမဲလိုက်တာရယ်ကြောင့် ကျားအကောင်ရေတွေ လျော့ကျသွား တယ်။ ၆ ကောင်လောက်ပဲရှိတော့တယ် လို့  FREDA မှ ဦးအုန်းကပြောကြားပါ တယ်။ ၂၀၀၄ ခုနှစ်မှာ ဟူးကောင်းချိုင့် ၀ှမ်းကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အဖြစ်သတ်မှတ်သော်လည်း ကုမ္ပဏီတွေ ကတောတွေရှင်းပြီး စိုက်ပျိုးရေးမလုပ်ပဲ ရွှေတူးဖော်တာတွေလုပ်တယ်။ဒါကြောင့် မြစ်တွေကော၊  တောတွေပြုန်းကုန်တဲ့အ တွက်ကျားတွေလည်းမရှိတော့တဲ့အဖြစ် ရောက်ကုန်ကြပါတယ်။



မအေးဆေး
TheHotNews 
Ref: Christine Lindop စာအုပ်ကို မှီငြမ်း သည်။

No comments:

Post a Comment