Pages

2/14/2012

" မိဘကျေးဇူးအကျေဆပ်နည်း "

               ဗုဒ္ဓစာပေကိုမှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို. တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုတွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။
              ပိဋကတ်တော်ထဲမှာ မပါတာကို ပါသလိုရေးသားပြောဆိုတာဟာ အရမ်းကိုအပြစ်ကြီးပါတယ်။ ဤအချက်ကို ဘုရားရှင်ကိုယ်တော်တိုင် မဟောကြားခဲ့သလို၊ အဋ္ဌကထာဆရာ၊ ဋ္ဋီကာဆရာ တွေကလည်း ဖွင့်ဆိုထားခြင်းမရှိပါဘူး။
              ဘုရားတောင်မှ မိဘကျေးဇူးနို.တစ်လုံးဖိုးပဲကျေတယ် လို့ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်လို. အရှင်ဆန္ဒာဓိက ရဲ့ စာအုပ်မှာဖတ်ရပါတယ်။
       သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ.) ဟာ မြတ်စွာဘုရားရှင် တာဝတိံသာမှာ မယ်တော် သန္တုဿိနတ်သားကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည် လူ့ရွာကို ပြန်လည် ဆင်းသက်လာခဲ့တဲ့နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပါလိမ့်မယ်။



         ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်က ၀ါတွင်းသုံးလလုံးလုံးကို မိခင်နို.(၇)ရက်တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း မဟာမာယာဒေ၀ီကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို အဘိဓမ္မာ တရားဟောကြားပေးခြင်းဖြင့် သောတာပန်ဖြစ်အောင် ဓမ္မနို့ရည်တိုက်ကျွေးခဲ့တယ်လို့ဆိုပါ တယ်။
         သောတာပန်မှ မကြာမီအချိန်အတွင်းရဟန္တာဖြစ်ဖို့သေချာသွားတဲ့အတွက်လည်း
 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ မိခင်ရဲ့ကျေးဇူး (နို့နှစ်လုံးဖိုး) အကျေဆပ်ခဲ့တယ်လို့ သိရ ပါတယ်။
ထို့သို့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မိဘကျေးဇူးအကျေဆပ်နိုင်ခဲ့သလိုကျွန်တော်တို့လိုလူသားတွေအဖို့လည်း
 ကျေးဇူးဆပ်နည်းများကို

“ချစ်သား ချစ်သမီးတို့…. မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ.. သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါ တရားနဲ့ပြည့်စုံအောင်၊ 
သီလမရှိတဲ့မိဘကို သီလပြည့်စုံအောင်၊ 
မပေးရက်မလှူရက် နှမြောဝန် တိုတဲ့ မိဘကို စွန့်ကျဲပေးကမ်းလှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊ 
ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် 
 ကောင်းစွာနာယူဆောက်တည်စေမယ်၊ လေးလေးနက်နက် သက်ဝင် စေမယ်၊ ခိုင်ခိုင်ခံ့ခံ့တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကိုတုံ့ပြန်ပြီးသား အကျေဆပ်ပြီး သားဖြစ်သွားပါတယ်” 

လို. ဟောကြားတော်မူထားခဲ့ပါတယ်။

        မိဘကိုကျေးဇူးဆပ်တဲ့နေရာမှာ လောကနည်းနဲ့ကျေးဇူးဆပ်ခြင်း၊ ဓမ္မနည်းနဲ့ကျေးဇူးဆပ်ခြင်း ၂မျိုးရှိပါတယ်။ မိဘအတွက် ပြည့်စုံအောင်ဖန်တီးပေးတာ လောကနည်းနဲ့ကျေးဇူးဆပ်တာပါပဲ။ ရုပ်ဝတ္ထုတွေနဲ့ ကျေးဇူးဆပ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်းလို့ ခေါ်ဆိုပါတယ်။
         ရုပ်ပိုင်းဆိုင်ရာနဲ့တော့ ကျွန်တော့်မိခင်ရဲ့ကျေးဇူးကို ကျွန်တော်ဆပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဘုရားဟောတဲ့ ဓမ္မနည်းနဲ့ ကျေးဇူးဆပ်ဖို. ကြိုးစားလာမိပါတယ်။

         ကျွန်တော် မသိခင်က မိဘကျေးဇူးဆိုတာ ပြန်လည်ကျွေးမွေးပြုစုလုပ်ကိုင်ပေးခြင်းဖြင့် ကျေးဇူး ဆပ်ရတယ်ဆိုတဲ့ အယူအဆတို့ပျောက်ကွယ်လာပြီး၊ ကျွန်တော့်မိခင်ကို ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစား လာတော့တာပါပဲ။
         ဒါ့ကြောင့်လည်း စာအုပ်ဖတ်တဲ့အကျင့်မရှိတဲ့ မိခင်ကို အရှင်ဆန္ဒာဓိကရဲ့ စာအုပ်လေးတစ်အုပ်ကိုစပြီး ပေးဖတ်ခဲ့သလို၊ တရားမနာတတ်ဖူးလို့ပြောတတ်တဲ့ မိခင်ကို ခုတရားတွေက အရင်တုန်းကလိုတရားတော်တွေလို ရွတ်ဆိုဟောကြားနေတာမျိုးမဟုတ်ပဲ နားလည်သဘောပေါက်လွယ်အောင် ဟောကြားပေးတဲ့အကြောင်းပြောရင်း စီဒီတရားချပ် တစ်ချပ်ကို နာယူဖို့ပေးခဲ့မိပါတယ်။

          အခုဆိုရင် ကျွန်တော့်အမေ တရားစာအုပ်မဖတ်ပေမယ့်၊ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တည်ပြီး တရားတော်များ နာကြားလာတာကိုတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်ပြောလို့မဟုတ်ပဲ သူ့အသိစိတ်လေးနဲ့ လုပ်လာတာဆိုရင်တောင် အမေ့ကိုကြည့်ရင်း ပျော်နေမိပါတယ်။

          ဒီထက်မက အမေ့စိတ်ထား အမေ့အပြုအမူ ပုံသဏ္ဍာန်လေးတွေကိုလည်း နူးညံ့စေချင်မိ ပါတယ်။ ကျွန်တော့် အမေရဲ့ကျေးဇူးတွေကို အကျေမဆပ်နိုင်ရင်တောင် အသက်ရှိနေစဉ်မှာ အမေ့ကို ကျေးဇူးဆပ်ခွင့် ဆက်ရမယ်ဆိုရင်ဖြင့် ကျေနပ်သွားမှာပါ။

 " မိဘကျေးဇူးအကျေဆပ်နည်း "

စိတ်မထားတတ်တဲ့မိဘ
စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီးသားမိဘ
ပို၍ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
မိဘကျေးဇူး ကျေပါတယ်။
ကုသိုလ်မလုပ်သေးတဲ့ မိဘ
ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ
ပို၍ပို၍ ကုသိုလ်လုပ်အောင်
ကူညီပံ့ပိုးပေးရင်
မိဘကျေးဇူးကျေပါတယ်။
တရားမရှိသေးတဲ့ မိဘ
တရားရှိအောင် ၊
တရားရှိပြီးသား မိဘ
ပို၍ပို၍ တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ် ။
ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့ စိတ်ဓာတ်မြင့်မားမှုနဲ့  ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှု အဆင့်အထိ တတ်လှမ်းသွားနိုင်ပြီ ဆိုရင် အဲဒီလို တတ်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ မိဘကျေးဇူးကို အကျေဆပ်ပြီးသားဖြစ် သွားတော့တာပါပဲ။
                             ရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် စာအုပ်မှ ကိုးကားချက်များနဲ့ ဒီပိုစ့်ကိုရေးလိုက် ပါတယ်။
Ref ; သုခုမနန်းတော်

No comments:

Post a Comment