လွန်ခဲ့သော သ မ ၀ါယမ ကုန်တိုက်ရှိစဉ်တုန်းက ဖြစ်ရပ်မှန် ဟာသလေးတစ်ခုပါ။
တချိန်က ရှမ်းကြီးတစ်ယောက် ဖါးကန့်သို့ သွားရန် မန်းတလေးဘူတာကြီးကိုရောက်လာသည်။
အချိန်ရနေသောကြောင့် လမ်းစရိတ်ရရ ကုန်ဝယ်ရန် ဈေးချိုဘက်သို့သွားသည်။
နာရီစင်ကြီးနားအရောက် သ မ ကုန်တိုက်အပေါက်ဝတွင် လူစည်ကားနေသဖြင့်ရပ်ကြည့်နေစဉ်
လူတစ်ယောက်က““တာကော တာကော သက်သာဆပ်ပြာမုန့် လျှော့ဈေးနဲ့ရောင်းမယ်။
အခုမှထုတ်လာတာပါ။ပိုက်ဆံလိုလို့အားလုံးပြန်ရောင်းမယ် အာမီရမ် လဲပါတယ်"
ဖေါက်သည်ဈေးဘယ်လောက်လဲ။ ပေါက်ဈေးက ၃ကျပ်ရှိတယ် ၂.၅၀ ပဲယူပါ။
ရှမ်းကြီးစဉ်းစားသည်“ဖါးကန့်ရောက်ရင် ၁၀ ရောင်းရတယ် ဒါပဲဝယ်သွားရင်ကောင်းမယ်။
ဒါဆို (.........)ဖိုးပေးပါ။
ဖါးကန့်သို့ရောက်သော် ဆပ်ပြာမုန့်အားလုံး ဂျုံမုန့်တွေ အရက်က ရေတွေ ဖြစ်ကုန်ပြီး
"အာရိုးရိုး ..မွတ်ရောက်မွတ်ရောက်.....ခွိုင်း ယီမေဆူ ...................."
၁ နှစ် ကြာသောအခါ ရှမ်းကြီးက မန်းတလေးဘူတာကြီးကိုပြန်ရောက်လာသည်။
ကျောက်စိမ်းတစ်လုံးပါလာသည် ကျောက်ဝိုင်းသို့သွားပြရာ
ကျောက်ပွဲစားက ကျောက်ကိုကိုင်ကြည့်ရင်း စိတ်မှန်းကြည့်သည်
“အင်း ဒီကျောက်တာ စစ်ရင် ဆယ်ချီမအောက်ဘူး”
““ကိုယ့်လူ ဘယ်လောက်ရောင်းမှာလဲ”” ရှမ်းကြီးက ““တောင်း၂၀””
ဟ မင်းကျောက်က သိန်း၂၀ မတန်ဘူး
ရော့ပြန်ယူသွား”” ““မဟို့ ဘူး တောင်း ၂၀ ပါ””ပွဲစားနှစ်ယောက်က တီးတိုးပြီး
““ဟေ့ကောင်သူပြောတာ တောင်း၂၀ဆိုတာဘယ်လောက်လဲ”“
““ဟာ့ကောင်သောင်း၂၀ဆိုတာနှစ်သိန်းပဲကျတယ်
ဒီရှမ်းကြီးတော်တော်အတယ်။ ဗမာစကားတောင်ကောင်းကောင်းမပြောတတ်ဘူး။
မြန်မြန်ဝယ်မြန်မြန်ဝယ်
တော်ကြာသူများနောက်ပါသွားလိမ့်မယ်”” နောက်တစ်နေ့တွင်
ကျောက်စိမ်းကိုခွဲကြည့်ရာ ဆေးဆိုးကျောက်အတုသာဖြစ်နေသည်၊
““ဟေ့ကောင် မင်းပြောတော့ ဒီရှမ်းကြီး တော်တော် အ တယ်ဆို ခုတော့သွားပါပြီ""
ကုန်ပါပြီ အီးး ဟိ..ဟိ..ဟိ.....<br/><br/> saikoko ရှမ်းပြည်
No comments:
Post a Comment