2/10/2012
Gmail ကနေ လာမယ့်အချိန်တခု(ဥပမာ-မနက်ဖန်)ကို ကြိုတင်ပြီး မေးလ်ပို့ချင်ရင်
How to schedule Gmail messages to be sent later?
Gmail အပါအ၀င်တစ်ခြား free service ပေးထားတဲ့ mail တွေထဲမှာ
ဥပမာ ကိုယ် mail ပို့ချင်တဲ့လူတစ်ယောက်ဆီကိုပို့မယ့် mail ကို
ပြင်ဆင်ထားပြီးပြီ။ ဒါပေမယ့် အခုမပို့ချင်သေးဘူး။နောက် တစ်နာရီ
နှစ်နာရီကြာမှ ဒါမှမဟုတ်နောက်တစ်ရက်နှစ်ရက်ကြာမှပို့ချင်တယ်။
ကိုယ်ပို့မယ့် date and time ကို save လုပ်ထားမယ်။ အဲဒီအချိန်ကျရင်ကိုယ်
online မှာ မရှိလဲသူ့ဘာသာသူပို့ပေးမယ့် mail အမျိုးအစားရှိပါတယ်။
ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။
သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။
http://www.boomeranggmail.com/
install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။
အားလုံးရေးပြီးပြီဆိုရင် ပုံထဲကအတိုင်း send later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတစ်ခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်ချစ်သူ(သို.)မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။
ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ်
Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။
တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။
Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။
ကျွန်တော်တော့ ချစ်သူဆီကို စမ်းပို့ပြီးပြီ။ကျွန်တော်အိပ်နေတဲ့အချိန် မေးလ်ဝင်လာလို့ ချစ်သူကအံ့သြသွားတယ်ခင်ဗျ။ပြီးတော့ဝမ်းသာသွားတယ်။သူငယ်ချင်းတို့လဲ စမ်းသပ်ကြည့်နော်။
မြန်မာနိုင်ငံကတော့ အဆင်ပြေရဲ့လား သေချာမသိပါဘူး။စမ်းကြည့်ပေါ့နော် အလကားရတာဘဲ ဟုတ်ဖူးလား...
REF ; အကြင်နာနန်းတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment