Pages

2/13/2012

သင့် Gmail ကို ဘယ်လို ကာကွယ်နိုင်မလဲ?


အင်တာနက်ဆိုတာ ဘာမှန်းမသိပဲ Gtalk လေးဖွင့် Chat လိုက် ၊ Gmail လေးဖွင့်ပြီး သူငယ်ချင်းတွေဆီ Mail ပို့လိုက်နဲ့။ အချိန်တွေကုန်နေကြတဲ့ ကျွန်တော့်လို ကလေးပေါက်စလေးတွေအတွက် ဗဟုသုတ အဖြစ် ပြန်လည် ဝေမျှပေးလိုက် ပါတယ်။

(၁) Password ကို အလွယ်တကူစာလုံးများမပေးပါနဲ့

လူအတော်များများဟာ Gmail Password ကို မိမိရဲ့ ဖုန်းနံပါတ်၊ နာမည်နဲ့ မွေးသက္ကရာဇ်တို့ ကိုပေးတတ်ကြပါတယ်။ နောက်တစ်ခုအနေနဲ့ တစ်ဆက်ထဲရှိတဲ့ စာလုံးတွေ (ဥပမာ-beautiful ..) တို့ကို မပေးသင့်ပါဘူး။ ဒီစာလုံးတွေဟာ မိမိရဲ့ Mailကို တိုက်ခိုက်လိုသူများအတွက် အလွန်လွယ်ကူတဲ့ လမ်းကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သာမာန်စာလုံးတွေအပြင်၊ အခြားသော နံပါတ်နဲ့ အက္ခရာတွေနဲ့ပါ ပူးတွဲပေးသင့်ပါတယ်။



(၂) Password ကိုတစ်လ တစ်ကြိမ် အနည်းဆုံးပြောင်းပါ

Password ဆိုတာ အမြဲလိုလိုပြောင်းလဲသင့်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ပြောင်းလဲအသုံးပြုဖို့ မလွယ်ကူရင်တောင် တစ်လကို တစ်ကြိမ်တော့ အနည်းဆုံး ပြောင်းလဲသင့်ပါတယ်။ Password ဟာ Gmail ကိုဝင်ရောက်ဖို့အတွက် အဓိက တံခါးတစ်ချပ်ဖြစ်လို့ လုံခြုံမှုပြည့်ဝနေဖို့ လိုအပ်ပါတယ်။

(၃) Web Browser အသုံးပြုမှုမှာ သတိပြုပါ

Cybercafe တစ်ချို့မှာ Web Browser တွေဟာ Password ကို Remember လုပ်တဲ့ အချက်ကို Check ပြုလုပ်ထားလေ့ရှိပါတယ်။ ဒါဟာလည်း Browser ရဲ့ Default Setting ဖြစ်တဲ့အတွက် အများစုက သတိမပြုမိကြဘူး။ Remember My Password ဆိုတဲ့စာတန်းကို မနှိပ်မိဖို့ကိုတော့ အထူးသတိပြုရမှာဖြစ်ပါတယ်။ တကယ်လို့များ နှိပ်မိမယ်ဆိုရင်တော့ သင့်ရဲ့ password ကို browser ကမှတ်သွားမှာ ဖြစ်ပါတယ်။

(၄) Inbox ထဲက Mail တွေတိုင်းကို သတိပြုပါ

တစ်ခါတစ်လေမှာ ကိုယ်မသိ့တဲ့ Web Site တွေကနေပို့လိုက်တဲ့ Mail တွေဟာ Fake Mailတွေ ဖြစ်တက်ပါတယ်။ ဒီ Mail တွေက တစ်ဆင့်လည်း တိုက်ခိုက်သူများဟာ မိမိရဲ့Passwordကို ရယူသွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၅) Gtalk အသုံးပြုချိန်မှာ သတိပြုပါ

Gtalk လို Messenger တွေအသုံးပြုချိန်မှာ မိမိရဲ့ Password လုံခြုံမှုကို သတိပြုသင့်ပါတယ်။ Remember Password ကိုလည်း Click မပြုလုပ်ရပါဘူး။ Click ပြုလုပ်ထားမယ်ဆိုရင် စက်ကသင့်ရဲ့ password တွေကို မှတ်သားသွားမှာ ဖြစ်ပါတယ်။

(၆) Messenger Site များကိုအသုံးပြုခြင်းအား တက်နိုင်သမျှ ရှောင်ကြည်ပါ

Connection အလွန်အားနည်းချိန်တွေမှာ online အသုံးပြုသူများအနေနဲ့ messenger web site များကိုအသုံးပြုပြီး Gtalk ကို အသုံးပြုလေ့ရှိပါတယ်။ ဒါဟာ အလွန် အန္တရာယ်များတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီး မိမိရဲ့ password ကို အလွယ်တကူ ရယူသွားနိုင်ပါတယ်။

(၇) မိမိရဲ့ password ကိုဝေမျှသုံးစွဲခြင်းအား ရှောင်ပါ

တစ်ချို့သော Gmail အသုံးပြုသူများဟာ password ကိုတစ်ခြားသူများထံ ဝေမျှသုံးစွဲတက်တဲ့ အလေ့အထရှိပါတယ်။ password ဟာတစ်ကိုယ်ရေ အသုံးပြုဖို့သာ ဖြစ်တဲ့အတွက် အများနဲ့ဝေမျှသုံးစွဲခြင်းကို မပြုလုပ်သင့်ပါဘူး။

(၈) Detail ကို Gmail အသုံးပြုသူတိုင်း စစ်ဆေးပါ

Gmail ရဲ့ အောက်ဆုံးမှာ Detail ရှိပါတယ်။ Detail ကတော့ Gmailအသုံးပြုတဲ့ Browser ရဲ့ IP ကိုမှတ်သားပေးထားတာ ဖြစ်ပြီး အချိန်နဲ့ အတိအကျသိရှိနိုင်တာဖြစ်လို့ အလွန်ကောင်းမွန်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့အချိန်ကို မှတ်သားထားပြီး ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် မိမိ Gmailအားသူတစ်ပါး အသုံးပြုမှု ရှိမရှိသိရှိနိုင်မှာ ဖြစ်ပါတယ်။

(၉) လုံခြုံမှုမရှိသော Site များမှာ Register ပြုလုပ်ခြင်းများကို ရှောင်ပါ

တစ်ချို့သော Site များဟာ အသုံးပြုသူများကို Register ပြုလုပ်ခိုင်းလေ့ ရှိပါတယ်။ Register ပြုလုပ်တဲ့နေရာမှာလည်း Gmail ရဲ့ username နဲ့ Password ကိုတောင်းတတ်တဲ့အတွက် အလွယ်တကူ မဖြည့်သင့်ပါဘူး။

(၁၀) Keylogger များကို သတိပြုပါ။

ဒီအန္တရာယ်ကတော့ Cybercafe များမှာ ကြုံတွေ့တတ်တဲ့ အန္တရာယ်တစ်ခုဖြစ်ပါတယ်။ Keylogger ဆိုတာ မိမိ Type ပြုလုပ်သမျှကို မှတ်သားနိုင်တဲ့ Background Process တစ်ခုဖြစ်ပြီး တစ်ချို့ keylogerများဟာ Screen Shot များပါ ရိုက်ယူတတ်ပါတယ်။ အကောင်းဆုံးကာကွယ်နည်းတစ်ခုကတော့ Password ရိုက်တဲ့နေရာမှာ Backspace အသုံးပြုခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်။
Reference : Internet Journal

No comments:

Post a Comment