Pages

3/15/2012

ဆီးချိုအတွက် သတင်းကောင်း

ဆီးချိုရောဂါဟာ ရောဂါအားလုံးကို ခန္ဓာကိုယ်ထဲ ဝင်လာဖို့ ဖွင့်ပေးတဲ့ တံခါးလို့ခေါ်တယ်။ ဆိုလိုတာက ဆီးချိုဖြစ်ရင် ကျန်တဲ့ ရောဂါတွေလဲ အဖေါ်စုပြီး ဝင်လာတော့တာပဲ။ ဆေးတွေလဲ မျိုးစုံရှိခဲ့တယ်။ ဒါပေမယ့် ခန္ဓာက လက်ခံမှာ ဆေးကအစွမ်းထက်တယ်။ ဆီးချိုအတွက် ရတက် မအေးနေတဲ့သူတွေအတွက် ဒီတစ်ခေါက် ဆေးကောင်းတစ်လက် သိရလို့ ဖေါ်ပြလိုက်ပါတယ်။ စာရေးသူရဲ့ ကားဆရာ ဦးမောင်ကြီး (ခေါ်) လုံးဆော လာပြောပြလို့ သိရတာပါ။ သူတို့ရဲ့ (သီပေါ) မိုးတေရွာသားတွေ ဆီးချိုဖြစ်တဲ့သူက ငချိတ်ကောက်ရိုးကို အရည်ကျိုသောက်ကြည့်တာ ဆီးချိုပျောက်သွားတဲ့သူတွေ တစ်ဒါဇင်ကျော်လောက်ရှိသွားပြီတဲ့။
တိုင်းရင်းဆေးထုံးစံအတိုင်း သုံးခွက် တစ်ခွက် ကျိုပြီးသောက်ရင် ရပါတယ်။ အနံ့ကတော့ ငချိတ်ပေါင်းအနံ့ဖြစ်လို့ သောက်ရ လွယ်ကူပါတယ်။
ဆီးချိုဖြစ်တဲ့သူတွေအတွက် ဘေသဇ္ဇဒါနအဖြစ် သတင်းကောင်းပါးလိုက်ပါတယ်။
ဒီဆေးကို ရဖို့ တစ်ခါတစ်လေ တစ်နှစ်လောက် စောင့်ရတတ်တယ်နော်။

ဆီးချိုရောဂါ အမြန်ပျောက်ပါစေ။
မေတ္တာဖြင့်
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

Refer & Credit to www.shanviews.com

No comments:

Post a Comment