2/09/2012
ပဲပုပ်ဘာလချောင်ကြော်
ရှမ်းစာကြိုက်သူတွေအတွက်ကတော့ ပဲပုပ်ကို ဘယ်လိုပဲလုပ်လုပ် အရသာတွေ့ကြတာပါ။ အခုလည်း ပဲပုပ်ကို မြေပဲဘာလချောင်ကြော်တို့လို၊ပဲငါးပိဘာလချောင်ကြော်တို့လိုကြော်ထားပါတယ်။
ပဲပုပ်ဘာလချောင်ကြော်ဖို့ ပဲပုပ်ပြားအထုပ်သေးတစ်ထုပ်၊ ငရုတ်သီးခွဲခြမ်းနဲ့ ကြက်သွန်ဖြူနီတို့ပဲလိုပါတယ်။ပဲပုပ်ဘာလချောင်ကြော်ဖို့ပဲပုပ်ပြားတွေကိုအနေတော် အစိတ်လေးတွေဖြစ်အောင်လှီးဖြတ်ပြီးကြော်ထားရပါမယ်။
ကြက်သွန်ဖြူနီကိုလည်း ပါးပါးလှီးပြီးကြော်ထားပါ။ အဲဒီကြက်သွန် ဖြူနီကြော်တဲ့ဆီနဲ့ပဲ ငရုတ်သီးခွဲခြမ်းကို ထည့်ကြော်ပါမယ်။ ပြီးရင်ဆားနဲ့ကြက်သားမှုန့်ထည့်ပြီးမွှေပါ။
နောက်ဆုံးကျမှ ခုနကြော်ထားတဲ့ ပဲပုပ်ကြော်နဲ့ ကြက်သွန်ဖြူနီကြော်ထားတာတွေကိုရောမွှေလိုက်ပြီး မီးဖိုပေါ်ကနေချလို့ရပါပြီ။ ဒါဆိုရင်ရှမ်းစာကြိုက်သူတွေအတွက် ပုံမှန်ဘာလချောင်ကြော်တွေနဲ့ အနံ့အရသာမတူတဲ့ ပဲပုပ်ဘာလချောင်ကြော်ကို သုံးဆောင်နိုင်ပြီပေါ့။
REF : ၀ိုက်ဖီ(7dayNews)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment