Pages

2/09/2012

ဂျူးမြစ်သုပ်


ဒီတစ်ပတ် ဟင်းလျာကိုတော့ ဂျူးမြစ်ကိုရှမ်းသုပ်လိုအရသာမျိုးဖြစ်အောင်သုပ်မှာပါ။ ဂျူးမြစ်သုပ်ဆိုပေမယ့် ဂျူးမြစ်နဲ့အတူ မုန်ညင်းရွက်တွေကိုလည်း
ထည့်ပါမယ်။ ရှမ်းနံ့လေးသင်းသွားအောင် ပဲပုပ်ပြားလေးတွေလည်းထည့်ထားတဲ့ ရှမ်းအစားအစာအရသာအပြည့်အ၀ရစေမယ့် အသုပ်တစ်မျိုးပါပဲ။
ဂျူးမြစ်သုပ်အတွက် အသုပ်တစ်ပွဲစာ ဂျူးမြစ်အနည်းငယ်၊ မုန်ညင်းစိမ်း အနည်းငယ်၊ ပဲပုပ်ပြားတစ်ပြားနဲ့နှမ်းလှော်နဲ့သံပရာသီးတို့ပဲလိုပါတယ်။
မုန်ညင်းစိမ်းကိုတော့နူးအောင်ဆယ်မိနစ်လောက်ပြုတ်ပါ။  ဂျူးမြစ်ကတော့ ရေနွေးဖြောရုံပဲလိုပါတယ်။ နောက်တစ်ခုကတော့ ပဲပုပ်ပြား နှစ်ပြားလောက်ကိုလည်း မီးကင်ပါ။
ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို ညက်အောင်ထောင်းပြီးကင်ပြီးသားပဲပုပ်ကိုပါရောထည့်ထောင်းပါမယ်။  ပဲပုပ်ထောင်းပြီးသွားပြီဆိုရင်တော့
အမယ်အားလုံးကိုရောထည့်ပြီး အရသာအတွက်ငံပြာရည်နဲ့ ကြက်သားမှုန့်အနည်းငယ်ထည့်ကာသံပရာရည်ညှစ်ပြီး နယ်ဖတ်ကာ သုံးဆောင်နိုင်ပါတယ်။ ဒါဆိုရင်တော့
ဆီလည်းမပါ၊ အသီးအရွက်တွေပဲသီးသန့်သုပ်ထားတဲ့ ဒီဂျူးမြစ်သုပ်က ကျန်းမာရေးနဲ့ညီစေသလို တိုင်းရင်းသားလက်သုပ်စာတစ်မျိုးအဖြစ် မြည်းစမ်းနိုင်ကြမှာဖြစ်ပါတယ်။

REF ;  ၀ိုက်ဖီ(7dayNews)

No comments:

Post a Comment